ဆယ်ကျော်သက်အရွယ်ထဲကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ကာ တိကျပိုင်နိုင်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုကြီးကို ထိုက်တန်စွာရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ပဲဖြစ်ပါတယ်။ စိုးပြည့်က အမဖြစ်သူတွေရဲ့ အနုပညာအမွေကို ဆက်ခံကာ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ သူတစ်ယောက်ပါ....။

Photo credit _ Soe Pyae Thazin's FB account
Photo credit _ Soe Pyae Thazin's FB account

လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေကိုဆက်တိုက်လုပ်ကိုင်နေပြီး အလှူအတန်းတွေကိုလည်း သူမ တက်နိုင်သလောက်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ ရိုးရှင်းအေးချမ်းတဲ့ အလှလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေအပြင် လုံလုံခြုံခြုံဖက်ရှင်တွေကိုလည်း အမြဲဝတ်ဆင်တက်သူတစ်ယောက်ဖြစ်တာကြောင့် ယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ မိဘအပေါ်မှာလည်း အမြဲသိတက်ပြီး လိမ္မာရေးခြားရှိတဲ့ သူလေးဖြစ်လို့ အများက ချစ်ခင်နေကြတာပါနော်....။ 

Photo credit _ Soe Pyae Thazin's FB account
Photo credit _ Soe Pyae Thazin's FB account

ယနေ့မှာတော့ စိုးပြည့်က သူမအတွက် သီဆိုထားသလား အထင်မှားရလောက်တဲ့ သီချင်းလေးနဲ့အတူ အမှတ်တမဲ့ ရိုက်ချက်လေးတွေအောက်မှာ မြင်သူတိုင်း အချစ်ပိုမိစေမယ့် ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ် ။ ကင်မရာကို စေ့စေ့မကြည့်ပဲ အမှတ်မထင်ပြုမူလိုက်တဲ့ အမူအရာလေးတွေတိုင်းက အသည်းယားစရာကောင်းနေပြီး အလှတွေပိုနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit _ Soe Pyae Thazin's FB account
Photo credit _ Soe Pyae Thazin's FB account

Photo credit _ Soe Pyae Thazin's FB account

Source  _ Soe Pyae Thazin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။