ရွှေကစ်လေးလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဖြူဖွေးဝင်းဥတဲ့အသားအရေလေးနဲ့ တကယ့်ကို ချောမောလှပသူလေး ဖြစ်ပါတယ်။ ရွှေကစ်လေးရဲ့မျက်နှာလေးကလည်း ကိုရီးယားသူလေးလို့ထင်မှတ်ရအောင် လှပနေပြီး အပြစ်ပြောစရာမရှိအောင် လှနိုင်လွန်းသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ်လေးက ဖက်ရှင်နဲ့ပတ်သက်ရင်လည်း အမြဲတမ်းခေတ်မှီဆန်းသစ်နေတာ ဖြစ်ပါတယ်။

Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page

အသက် (၃၀) ကျော်လာပေမယ့်လည်း အခုချိန်အထိ ဆယ်ကျော်သက်လေးလို အရွယ်တင်နုပျိုလွန်းတဲ့ ရွှေကစ်လေးကို ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေရတာ ဖြစ်ပါတယ်။ ရွှေကစ်လေးက အမြဲတမ်းလိုလို ကျော့ကျော့ရှင်းရှင်းပုံစံလေးနဲ့ နေထိုင်တတ်ပြီး စတိုင်ကျလှပနေတာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးက သူမကိုချစ်တဲ့ပရိသတ်တွေအတွက် Tik Tok Account ဖွင့်ပြီး ပထမဆုံးအနေနဲ့ Tik Tok ကစားပြလိုက်တာဖြစ်ပါတယ်။

Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page

ပထမဆုံးဗီဒီယိုလေးမှာတင် ရွှေကစ်လေးက ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်သွားစေလောက်အောင် သူမရဲ့အလှတရားတွေနဲ့ ဖမ်းစားလိုက်တာ ဖြစ်ပါတယ်။ ပုဝါစလေးကိုဖယ်လိုက်တာနဲ့ အမိုက်စားပုံစံလေးဖြစ်သွားအောင် ပြောင်းလဲပြလိုက်တဲ့ ကစ်လေးကတော့ အရမ်းဂေါ်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ပထမဆုံး Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Wutt Hmone Shwe Yi(Official)'s Tik Tok Acc 

Photo Credit-Wutt Hmone Shwe Yi(Official)'s Tik Tok Acc
Photo Credit-Wutt Hmone Shwe Yi(Official)'s Tik Tok Acc
@wutthmoneshweyi7

Trying our my first Tik Tok ##HowYouLikeThat ##WuttHmoneShweYi

original sound - wutthmoneshweyi7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။