ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ရင်ထဲ နက်နက်ရှိုင်းရှိုင်းနေရာယူထားသလို အနုပညာရှင်အချင်းချင်းကပါ ချစ်ကြောက်ရိုသေပြီး လေးစားချစ်ခင်ရတဲ့ နာမည်ကျော်အနုပညာရှင်ကတော့ အကယ်ဒမီဦးကျော်ဟိန်းပဲ ဖြစ်ပါတယ်နော်..။

ဦးကျော်ဟိန်းဟာ ပြီးခဲ့တဲ့နှစ်တွေကတည်း အနုပညာအလုပ်တွေကို စွန့်ခွာကာ သာသနာ့ဘောင်ဝင်ရောက်ခဲ့ပြီး အခုဆိုရင် အားလုံးကို အပြီးတိုင် စွန့်လွှတ်ထွက်ခွာသွားခဲ့ပြီမို့ အနုပညာလောကနဲ့ ပရိသတ်တွေအားလုံးက အတော်လေးကို ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။


Photo Credit - Yone Lay's Fb Account

ဦးကျော်ဟိန်းဆုံးပါးကွယ်လွန်သွားတဲ့ အတွက် အားလုံးကဝမ်းနည်းစကားလေးတွေနဲ့ ဆုတောင်းမေတ္တာလေးတွေ ပို့ကြသလို မဆင့်(မေသန်းနု)ကလည်း သူမချစ်ခင်လေးစားရတဲ့ ဦးကျော်ဟိန်းနဲ့ အမှတ်တရလေးတွေကိုပြောရင်း စိတ်မကောင်း ဝမ်းနည်းမိတဲ့အကြောင်း ပြောပြလာပါတယ်..။

ဘယ်သူနဲ့မှ မတူဘဲ တမူထူးခြားလွန်းတဲ့ ဦးကျော်ဟိန်းကို လေးစားပြီးကြောက်ရတဲ့အကြောင်းလေးနဲ့ ဦးကျော်ဟိန်းခေါ်တဲ့ သူ့ရဲ့နာမည်လေးကို ပြောပြရင်း အမှတ်တရလေးနဲ့ ဝမ်းနည်းစကားလေးဆိုထားတာ ဖြစ်ပါတယ်နော်..။


Photo Credit - Thar Nyi's Fb Account
Photo By Myanmarload

အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်ခဲ့တဲ့ အမှတ်တရလေးတွေအပြင် စိတ်နေစိတ်ထား ထူးခြားပြီး အနုပညာအပေါ်မှာလည်း တခြားသူတွေနဲ့ မတူတဲ့ ဦးကျော်ဟိန်းအကြောင်းလေးတွေကို ပြောပြပြီး အရမ်းကို တန်ဖိုးမဖြတ်နိုင်တဲ့ ဦးကျော်လို အနုပညာရှင်ကြီးကို ဆုံးရှုံးရလို့ ဝမ်းနည်းမိတဲ့အကြောင်းလေးတွေကို မဆင့်ကပြောပြထားတာပါ..။

ကိုသားကြီး(ဒွေး) ဆုံးတာ(၁၃)နှစ်ပြည့်တဲ့ နေ့မှာပဲ တိုင်တိုင်ဆိုင်ဆိုင် ဆုံးပါးသွားတဲ့ အကြောင်းလေးတွေကို စိတ်မကောင်းစွာ ပြောပြထားတဲ့ မဆင့်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Thar Nyi's Fb Account

Photo Credit - Thar Nyi's Fb Account & Yone Lay's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။