ပရိသတ်တွေရဲ့ အချစ်တော်လေးလို့ ပြောလို့ရတဲ့ မင်းသားချောလေးမြင့်မြတ်ကတော့ အောင်မြင်နေတဲ့ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးပြင်ဆင်ပြီး အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit: Myat Wai Tun 's facebook acc
photo credit: Myat Wai Tun 's facebook acc

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ပြီး အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်နေခဲ့တဲ့ မြင့်မြတ်ကတော့ လူတိုင်းကို ဖော်ရွှင်စွာပြောဆိုဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ မြင့်မြတ်ကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit: Myat Wai Tun 's facebook acc
photo credit: Myat Wai Tun 's facebook acc

ယခုမှာတော့ မြင့်မြတ်တို့ မိသားစုလေးဟာ ပိတ်ရက်လေးမှာ အပြင်ထွက်ပြီး ညစာစားကာ ပျော်ရွှင်နေခဲ့တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်တို့ မိသားစုလေးရဲ့ ထမင်းဝိုင်းလေးမှာ ပျော်ရွှင်ရယ်မောနေတဲ့ ချစ်စရာပုံရိပ်လေးတွေဟာ အားပေးတဲ့ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးမြင့်မြတ်တို့ မိသားစုလေးရဲ့ ပိတ်ရက်လေးမှာ အပြင်ထွက်ပြီး ညစာစားခဲ့ကြတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Myat Wai Tun 's facebook acc

photo credit: Myat Wai Tun 's facebook acc
photo credit: Myat Wai Tun 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။