ပရိတ်သတ်ကြီးရေ......အမြဲပျော်ပျော်နေတတ်ပြီး အခွီဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးလေ့ရှိတဲ့ မင်းသားချောကျော်ကျော်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ကြော်ငြာတွေကနေတစ်ဆင့် စတင်လာခဲ့တာဖြစ်ပြီး အခုဆိုရင် ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေအထိပါ ရိုက်ကူးအောင်မြင်နေတဲ့သူပဲဖြစ်ပါတယ်။ ကျော်ကျော်ဟာ သူငယ်ချင်းဖြစ်သူ စုမြတ်နိုးဦး၊ညီထွဋ်ခေါင်တို့နဲ့အတူ N.H.K=ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များဆိုတဲ့ Facebook pageလေး‌ထောင်ကာ ဟာသဗီဒီယိုလေးတွေနဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။

ကျော်ကျော်ဟာ အခုလက်ရှိမှာဆိုရင်နေရပ်က သူ့ရဲ့မိသားစုအိမ်လေးကိုအလည်ရောက်ရှိနေတာဖြစ်ပါတယ်။ အလည်ရောက်နေတဲ့ကာလတစ်လျှောက်လုံးမှာလည်း ချစ်ရတဲ့မိသားစုကိုအချိန်ပေးပြီး ပျော်ရွှင်နေတာပါနော်။သူ့ရဲ့မိသားစုလေးဟာလည်း စည်းစည်းလုံးလုံးနဲ့ ချစ်စရာကောင်းပြီးတော့ ‌တူလေးတစ်ယောက်ပါရရှိနေပြီဖြစ်ပါတယ်နော်။

ကျော်ကျော်ဟာ မကြာသေးမီကလည်း သူ့ရဲ့မိသားစုနဲ့အတူနေရပ်ပြန်ရောက်တုံးမှာ မိသားစုဝါဆိုသင်္ကန်းကပ်အလှူလေးပြုလုပ်ခဲ့ပါသေးတယ်နော်။ ဒီအကြောင်းအရာဗီ‌ဒီယိုလေးကို ကျော်ကျော်ဟာ Facebookစာမျက်နှာမှာတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-N.H.K=ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's Facebook page

Photo credit-Kyaw Naing Oo's Facebook acc

Video Credit-N.H.K=ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။