ပရိသတ်တွေနဲ့ အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကပါ လေးစားချစ်ခင်ရတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီးလူမင်းကတော့ အနုပညာလောကမှာ ထွန်းတောက်နေတဲ့ ငွေကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့နုပျိုခြင်းတွေနဲ့ အရွယ်တင်ပြီး တည်ငြိမ်ရင့်ကျက်နေတဲ့ လူမင်းက အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲလည်း ဖြစ်ပါတယ်။ လူမင်းမှာတော့ သမီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။

Photo Credit-Ayarwady Lu Min's FB Acc
Photo Credit-Amazing Grace
Photo Credit-Amazing Grace

လူမင်းရဲ့သားနဲ့သမီးကတော့ ငယ်ရွယ်စဉ်အချိန်မှာ ပညာရေးကိုသာ ဦးစားပေးလုပ်ကိုင်နေကြပြီး တကယ့်ကိုထူးချွန်တဲ့ကလေးတွေလည်း ဖြစ်ကြပါတယ်။ လူမင်းရဲ့သမီးကြီးဖြစ်တဲ့ ဧရာဝတီလူမင်းလေးကတော့ Tik Tok ကစားရတာကို ဝါသနာပါတာကြောင့် မကြာခဏဆိုသလို အကဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ဧရာဝတီလေးက ရေပန်းစားနေတဲ့သီချင်းလေးနဲ့ Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ်။

Photo Credit-Ayarwady Lu Min's FB Acc
Photo Credit-Ayarwady Lu Min's FB Acc
Photo Credit-Ayarwady Lu Min's FB Acc

ဧရာဝတီလေးက အမိုက်စားကကွက်တွေကို သီချင်းတီးလုံးလေးအတိုင်း ကွက်တိဖြစ်အောင် အထာကျကျကပြလိုက်တာပဲ ဖြစ်ပါတယ်။ နက်မှောင်တောက်ပတဲ့ ဆံနွယ်ရှည်လေးတွေကို ပိုင်ဆိုင်ထားတဲ့ ဧရာဝတီလေးကတော့ တစ်နေ့တခြားပိုပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလူမင်းရဲ့သမီးလေး ဧရာဝတီလူမင်းရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-AyarWaddy's Tik Tok Acc 

Photo Credit-Ayarwady Lu Min's FB Acc
Photo Credit-AyarWaddy's Tik Tok Acc
@ayarwady

original sound - András Schiff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။