နုပျိုလှပနေပြီး အမြဲတမ်းသွက်သွက်လက်လက် နေထိုင်တတ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ သရုပ်ဆောင်လောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေ များစွာရရှိထားပြီး ပြည်သူချစ် မင်းသမီးလေးတစ်လက်အဖြစ် ဆယ်စုနှစ်ကျော်တိုင်အောင် ရပ်တည်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ရွှေကစ်လေးကဟာ သရုပ်ဆောင်တဲ့နေရာမှာလည်း အပိုလိုမရှိကွက်တိကျအောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ဝါရင့်အနုပညာရှင်ကြီးများနဲ့ ဒါရိုက်တာများကပါ ချီးကျုးနေရတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။

Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account

ရွှေကစ်လေးဟာ လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးမှုမရှိသေးဘဲ ကြော်ငြာလေးတွေသာ ဆက်တိုက် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ အလုပ်တွေ အားလပ်ချိန်လေးတွေမှာလည်း မိသားစုနဲ့အတူ အပန်းဖြေခရီးလေးတွေ မကြာခဏ သွားရောက်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ရွှေကစ်လေးဟာ ကျန်းမာရေးအတွက်လည်း လေ့ကျင့်ခန်းတွေ ဂရုတစိုက်နဲ့ ပြုလုပ်လေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account
Photo Crd - Wutt Hmone Shwe Yi's IG Account

သူမဟာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အလား ထင်မှတ်ရလောက်အောင် နုပျိုလွန်းသူ တစ်ယောက်ပါ။ မနေ့ညကလည်း သူမရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အရှိန်ပြင်းတဲ့ကန်ချက်တွေနဲ့ Boxing ထိုးလေ့ကျင့်ခန်းတွေ အပြင်းအထန်ပြုလုပ်နေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဝတ်မှုန်ရွှေရည်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Wutt Hmone Shwe Yi's IG Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။