photo credit - G2 Espots twitter

ပြီးခဲ့တဲ့ ဇူလိုင်လ 10 ရက်နေ့ကနေ 12 နေ့ထိကျင်းပခဲ့တဲ့ Vitality European Open Valorant tournament မှာတော့ G2 Esports က champion ဖြစ်ခဲ့ပါတယ်။

G2 Esports ကတော့ ဒီပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် player တစ်ယောက်လိုအပ်နေတာကြောင့် davidp ကို stand-in player အနေနဲ့ခေါ်ယူပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရှုံးပွဲမရှိနဲ့ champion ဆုကိုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Group stage မှာတော့ G2 ဟာ FABRIKEN , ndde more DM , Apexis တို့နဲ့ group တစ်ခုထဲ ကျခဲ့ပြီး အကုန်လုံးကို 2 : 0 နဲ့အနိုင်ရယူက group ပထမနဲ့ Upper bracket ကိုတက်နိုင်ခဲ့ပါတယ်။

Upper bracket round 1 မှာတော့ G2 ဟာ PartyParrots နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး 2 : 1 ဆိုတဲ့ရလာဒ်နဲ့အနိုင်ရရှိကာ upper bracket final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Upper bracket final မှာတော့ G2 ဟာ Prodigy နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး 2 : 0 နဲ့အနိုင်ရရှိကာ Grand Final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Grand Final မှာတော့ G2 ဟာ lower bracket ကနေပြန်တက်လာတဲ့ Prodigy နဲ့ပဲယှဉ်ပြိုင်ခဲ့ရပြီး 3 : 1 ဆိုတဲ့ရလာဒ်နဲ့အနိုင်ရရှိကာ champion ဆုကိုရယူနိင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် G2 Esports အနေနဲ့ ဆုကြေးငွေ $11,276 USD ရရှိခဲ့ပြီး ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ tournaments မှာတင် champion ဖြစ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

Vitality European Open ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ G2 Esports Valorant roster ကတော့

mixwell

paTiTek

pyth

ardiis

davidp

တို့ပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။