တက်သစ်စမင်းသားချောလေး ကျော်ထက်ဇော် ကတော့ ပရိသတ်တွေအားပေးဝန်ရံခြင်းကြောင့် အနုပညာလောကမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပါပြီးနော်...။ ကျော်ထက်ဇော်က ကြော်ငြာ်တွေနဲ့ ရုပ်သံဇာတ်တွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ထက်ဇော် ဟာ စိတ်သဘောထား ပြည့်ဝပြီး သူတစ်ပါးပေါ်မှာ အမြဲကူတက်ကာ အလှူအတန်းတွေကိုလည်း တက်နိုင်သလောက်ပါဝင်လှူဒါန်းပေးတာ ကိုတွေ့ရပါတယ်နော်..။

Photo & Video Credit - Kyaw Htet Zaw
Photo & Video Credit - Kyaw Htet Zaw

ကျော်ထက်ဇော် က စမတ်ကျပြီး တည်ကြည်ခန့်ညားမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေ အပြတ်သတ်ကို ဝန်းရံခံနေရသူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ခရီး တွေကို ဆက်တိုက်ဆိုသလို သွားနေရပြီး သူသွားခဲ့တဲ့ အမှတရပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ ယခုမှာလည်း မင်းသမီးချောလေး သံသာမိုးသိမ့် လေးနဲ့အတူ မန္တလေး ပုသိမ်ကြီးမြို့ က ချစ်ပရိသတ်တွေနဲ့ သွားရောက်တွေ့ရင်း Live လွှင့် ခဲ့တဲ့ ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတ်ယ်

Photo & Video Credit - Kyaw Htet Zaw
Photo & Video Credit - Kyaw Htet Zaw

ဒီဗီဒီယိုလေးတွေထဲမှာတော့ သံသာမိုးသိမ့် နဲ့ ကျော်ထက်ဇော်တို့ နှစ်ယောက်ကတော့ ချစ်ရတဲ့ ပရိသတ်တွေနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ပါသေးတယ်။ ဒါ့ နယ်ခံပရိသတ်တွေကလည်း ကြိတ်ကြိတ်တိုး လာရောက်ပြီး အားပေးကာ ပျော်ပျော်ရွှင်ရွှင် နဲ့ တွေ့ဆုံခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ တကယ့်ကို ကြည်နူးစရာကောင်းလောက်တဲ့ ဗီဒီယိုလေး ဖြစ်တာကြောင့်ံ ပရိသတ်တွေလည်း ကြည့်ရှုရင်းအားပေးစကားလေး ပြောကြားပေးသွားပါဦးနော်..။

Photo & Video Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။