စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းအောင် ပြောတတ်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်တာကို ဝါသနာပါလွန်းတာကြောင့် ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ အမြဲလိုလိုလည်း ဟာသတွေပြောပြီး ပျော်ပျော်နေတတ်တာကြောင့်လည်း ပရိသတ်တွေ အားလုံးက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

သူငယ်ချင်းတွေဖြစ်တဲ့ ကျော်ကျော် ၊ ညီထွဋ်ခေါင်တို့နဲ့အတူ အခွီဗီဒီယိုလေးတွေ ရိုက်ကူးကာ ပရိသတ်တွေကို အမြဲဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း သူတို့သုံးယောက်ရဲ့ အခွီဗီဒီယိုလေးတွေကို နှစ်သက် သဘောကျနေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆုမြတ်နိုးဦးဟာ ပြက်ဦးလွင်ကို ကျော်ကျော်ရဲ့ အိမ်သစ်တက်ပွဲအတွက် အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။   

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဆုမြတ်နိုးဦးရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူမရှာတော့ဘူးဆိုပြီးဆုံးဖြတ်ပြီးခါမှအဆင်လေးကိုတွေ့လိုက်လို့ဟန်မဆောင်နိုင်အောင်လိုက်ငေးနေကြတဲ့ကျော်ကျော်နဲ့ဆုမြတ်နိုးဦးရဲ့အခွီVideoလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီအခွီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Hsu Myat Noe Oo’s Facebook and Tik Tok Account

@hsumyatnoeoo1

အချစ်မရှာတော့မဲ့ညီအမတွေ

original sound - pannpan3

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။