ပရိသတ်ကြီး အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အောက်မြင်မှုတွေအခိုငိအမာနဲ့ ပရိသတ်တွေရင်ထဲ နက်နက်ရှိုင်းရှိုင်းနေရာယူထားကြတဲ့ ဝါရင့်အနုပညာရှင်တွေကတော့ ဦးကျော်ဟိန်းနဲ့ ထွန်းအိန္ဒြာဗိုလ်တို့ပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို သဘာဝအကျဆုံးနဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ ဦးကျော်ဟိန်းကတော့ အနုပညာအလုပ်တွေကို စွန့်လွှတ်ကာ သာသနာ့ဘောင်ဝင်ရောက်ခဲ့ပြီး ဆရာတော် ဦးကိတ္တိသာရအဖြစ် ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ သီတင်းသုံးနေတာ ဖြစ်ပြီး ဇူလိုင်လ(၁၁)ရက်နေ့ မနက်ပိုင်းမှာ ပျံလွန်တော်မူသွားပြီ ဖြစ်ပါတယ်နော်..။

Photo Credit - Thar Nyi's Fb Account
Photo Credit - Mi Mi Khine's Fb Account

ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) ကွယ်လွန်သွားတဲ့အတွက် ပြည်သူပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်ကြရသလို ထွန်းအိန္ဒြာဗိုလ်ကလည်း ဆရာဖြစ်သူအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။

သင်ဆရာ မြင်ဆရာ ကြားဆရာဖြစ်ခဲ့တဲ့ ဦးကျော်ဟိန်းက သူမရဲ့ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အနုပညာကို စွန့်ခွာသွားတုန်းကလည်း ခံစားရပြီး အခုလို အပြီးတိုင်ထွက်ခွာသွားတဲ့အချိန်မှာလည်း ဝမ်းနည်းစွာခံစားရတဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်နော်..။

"ဦးကျော်ဟိန်း က

Photo Credit - Thar Nyi's Fb Account
Photo Credit - Mi Mi Khine's Fb Account

ကျမရဲ့

သင်ဆရာ မြင်ဆရာ ကြားဆရာ ပါ

လူ့ဘဝမှာတုန်းကရော

ရဟန်းဘဝကိုရော

ကျမ လေးစားအားကျရသူပါ

အနုပညာလောက ကို စွန့်ခွာ သွားတုန်းကတခါ

အခုတခါ ....

ဝိပဿနာ သတိတို့ဖြင့်

နောက်ဆုံး အချိန်တို့ကို

ကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့

ယုံကြည်ပါတယ် ဦးကျော် ရေ....." ဆိုပြီး စိတ်မကောင်းစွာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ အနုပညာရှင်များနဲ့ ပရိသတ်တွေကလည်း ဦးကျော်ဟိန်းအတွက် ဆုတောင်းစကားလေးတွေနဲ့ ဝမ်းနည်းကြောင်းလေးတွေ ပြောထားကြပါတယ်နော်..။

Photo Credit - Mi Mi Khine's Fb Account

Source & Photo Credit - Mi Mi Khine's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။