ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင် အိုက်တင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုပဲ ဖြစ်ပါတယ်။ သုသုဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာရရှိထားတဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ သူမရဲ့ တည်ကြည်ရင့်ကျက်တဲ့ပုံစံလေးကလည်း အားလုံးကို အချစ်ပိုစေတာလည်း ဖြစ်ပါတယ်။

Photo Crd- Paing Phyoe Thu’s Facebook Page
Photo Crd- Paing Phyoe Thu’s Facebook Page
Photo Crd- Paing Phyoe Thu’s Facebook Page

သုသုဟာ လတ်တလောမှာတော့ ညီမလေးနဲ့အတူ ပြင်ဦးလွင်ကို အလည်အပတ်ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ညီမလေးနဲ့အတူ အထင်ကရနေရာတွေကို လည်ပတ်နေပြီး ပုံရိပ်လေးတွေကိုလည်း မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သုသုရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Paing Phyoe Thu’s Facebook Page
Photo Crd- Paing Phyoe Thu’s Facebook Page
Photo Crd- Paing Phyoe Thu’s Facebook Page

ဒါကတော့ ပို့စ်တွေအပီအပြီပေးနေတဲ့ညီမလေးကိုနောက်ကနေအုန်းမှုတ်ခွက်နဲ့လိုက်ရိုက်ကာစနောက်နေတဲ့ ပိုင်ဖြိုးသုရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သုသုတို့ ညီအစ်မနှစ်ယောက်လုံးဟာ ဆင်တူအင်္ကျီလေးတွေ ဝတ်ဆင်ထားကာ ချစ်စရာကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သုသုတို့ ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Paing Phyoe Thu’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။