ပြည်သူတွေရဲ့ချစ်ခြင်းကို ရရှိပိုင်ဆိုင်လာပြီး နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်လာတဲ့ ဖြူဖြူထွေးရဲ့ ပင်ကိုယ်ပါရမီလေးကအရမ်းကောင်းပါတယ်နော်။ဖြူဖြူထွေးရဲ့ အနုပညာအရည်အသွေးတွေကလည်း ဝါသနာကိုအရင်းခံပြီး ကြိုးစားတာကြောင့် ပရိသတ်တွေကလည်း အသိအမှတ်ပြုအားပေးကြပါတယ်။ဖြူဖြူထွေးတို့မိသားစုလေးကတော့ အခုချိန်မှာဆိုရင် လိုလေသေးမရှိအောင်ပြည့်စုံနေပါပြီနော်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးကလည်း မိဘနှစ်ပါးကို လိုလေသေးမရှိအောင် ထားပေးပြီး သူမရဲ့ရွာမှာလည်း အိမ်ကြီးအိမ်ကောင်းဆောက်ပေးထားတာပါနော်။မိဘပေါ်သိတတ်တဲ့သမီးလေးဖြစ်လို့ သူမလုပ်သမျှအလုပ်တိုင်းကလည်း အဆင်ပြေချောမွေ့ပြီး စန်းပွင့်လွန်းနေတာဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့ ရိုးသားကြိုးစားပုံလေးတွေကို ပရိသတ်တွေကလေးစားနေကြတာပါနော်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးကို အနုပညာအသိုင်းအဝိုင်းကလည်း လက်ကမ်းကြိုဆိုကြပြီး နေရာတစ်နေရာပေးလာကြတာဖြစ်ပါတယ်။ခန့်စည်သူတို့နဲ့လည်း ခင်မင်ရင်းနှီးပြီး အခုဆိုရင်တော့ ဖြူဖြူထွေးရဲ့မိခင်က မင်းသားကြီးခန့်စည်သူနဲ့ တွေ့ချင်တယ်ဆိုလို့ Video Callခေါ်ပြီးစကားပြောနေကြတာဖြစ်ပါတယ်။ခန့်စည်သူကလည်း ဖော်ဖော်ရွေရွေနဲ့ပြုံးရွှင်ပြီး စကားပြန်ပြောနေတဲ့ ပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

Source&Photo Credit:Phyu Phyu Htwe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။