မြန်မာလက်ရွေးစင်ယူ၂၃အသင်းရဲ့ ကစားသမားဖြစ်တဲ့ အောင်ကောင်းမာန်ကတော့ အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး ခြေစွမ်းကောင်းတွေကို ပြသထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)၊ အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အောင်ကောင်းမာန်ကတော့ လက်ရှိမှာ ထိုင်းကလပ်TRAT FCအသင်းမှာ ကစားလျက်ရှိနေတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Aung Kaung Mann 's facebook page
photo credit : Aung Kaung Mann 's facebook page

အောင်ကောင်းမာန်ရဲ့ ဖခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်လို့ အတော်လေးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ပရိသတ်တွေကလည်း မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိတဲ့အကြောင်းလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ အောင်ကောင်းမာန်ကတော့ ယခုမှာ ဖခင်ကွန်လွန်ချိန်မှာ ပြန်လာလို့မရတော့လို့ ဖခင်အတွက်ရည်စူးပြီး ထိုင်းမှာပဲ ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးနေခဲ့ပါတယ်။ 

photo credit : Aung Kaung Mann 's facebook page
photo credit : Aung Kaung Mann 's facebook page

အောင်ကောင်းမာန်ကတော့ " အဖေ့အတွက် အလှူ..ပြန်လာလို့မရတဲ့ အခက်ခဲတွေနဲ့ ပြည့်နေတဲ့ ရင်ကွဲနေတဲ့သားရဲ့ အလှူ ပြည့်စုံမှုမရှိပေမယ့် အဖေ့အတွက်ထားတဲ့ သားရဲ့မေတ္တာပါ။အလှူဖြစ်မြောက်ဖို့အတွက် ဝိုင်းဝန်းကူညီဖေးမပေးကြတဲ့ ကျွန်တော် စားနေကျ စားသောက်ဆိုင်လေးက Little tiger 's family ကိုလဲ အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

Source  : Aung Kaung Mann 's facebook page 

photo credit : Aung Kaung Mann 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။