ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး ပန်းရောင်ခြယ်ကတော့ အမြဲလန်းဆန်းတက်ကြွပြီး ချစ်စရာကောင်းလွန်းနေတာကြောင့် ပုရိသပရိသတ်တွေရဲ့ အသည်းကျော်မလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ ပန်းရောင်က အနုပညာလှုပ်ရှားမှုတွေက်ိုကြိုးစားလုပ်ကိုင်နေပြီး အရည်အချင်းရှိသူတစ်ယောက်ဖြစ်လို့ အချိန်တိုလေးအတွင်း ပရိသတ်ရင်ထဲကို ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ သူလေးပါ......။

Photo credit - Pan Yaung Chel's facebook page
Photo credit - Pan Yaung Chel's facebook page

ဖခင်ဖြစ်သူ အဆိုတော် ဂရေဟမ်ကလည်း သမီးလေးကို အမြဲဂရုတစိုက်နဲ့ သေချာပြုစုပျိုးထောင်ပေးနေတာကိုလည်း တွေ့ရပါတယ် ။ ငယ်စဥ်ထဲက ပန်းရောင်က ဖခင်ဖြစ်သူဆီက ဂီတပညာကို လေ့လာဆည်းပူးခဲ့တယ်လို့လည်း သိရပါတယ်။ မကြာခဏဆိုသလို သူမရဲ့ ချစ်စရာ​ကောင်းတဲ့ ပုံလေးတွေကို ဝေမျှပေးနေတဲ့ ပန်းရောင်က ယနေ့မှာလည်း လူမှုကွန်ယက် စာမျက်နှာထက်မှာ ပိုစ့်တစ်ခု တင်ပေးလါတာပဲဖြစ်ပါတယ်.......။

Photo credit - Pan Yaung Chel's facebook page

ကလေးဘဝတုန်းက စန္ဒယားတီးခဲ့စဥ်က ပုံလေးအတိုင်း အိုက်တင်မလွဲအောင် ပြန်လည်ပိုစ့်ပေးကါ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါရင်း" ပန်း​ရောင်ရဲ့ နှစ်ခုတည်း​သော တူရိယာ အသံ နှင့် စန္ဒရား" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေ ပန်းရောင်ခြယ်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းယား အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်......။

Photo credit - Pan Yaung Chel's facebook page
Photo credit - Pan Yaung Chel's facebook page
Photo credit - Pan Yaung Chel's facebook page
Photo credit - Pan Yaung Chel's facebook page

Source & Photo credit - Pan Yaung Chel's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။