အမိုက်စားကောက်ကြောင်းအလှတရားတွေကို ပိုင်ဆိုင်ထားပြီး ပုရိသတွေ အသည်းစွဲဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ ကလေးသရုပ်ဆောင်ဘဝနဲ့ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆိုဆိုဟာ သရုပ်ဆောင်အလုပ်သာမကဘဲ အဆိုဘက်ကိုလည်း ဝါသနာပါသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- Warso Moe Oo’s Facebook Account
Photo Crd- Warso Moe Oo’s Facebook Account
Photo Crd- Warso Moe Oo’s Facebook Account

ဆိုဆိုဟာ ခရီးသွားရတာဝါသနာပါသူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလို အပန်းဖြေခရီးလေးတွေ သွားတတ်သူပါ။ အခုမှာလည်း သူငယ်ချင်းတွေဖြစ်တဲ့ သန္တာဗိုလ် ၊ မေမြင့်မိုရ် ၊ M ဆိုင်းလု ၊ ယွန်းမီမီကျော် ၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ Staycations သွားရောက်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းကလည်း M ဆိုင်းလုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- M Seng Lu’s Facebook Account
Photo Crd- M Seng Lu’s Facebook Account
Photo Crd- M Seng Lu’s Facebook Account

ဒါကတော့ တစ်ကိုယ်လုံးကိုအပီအပြင်လှုပ်ခါရမ်းကာဒွန့်နေကြတဲ့ သန္တာဗိုလ်၊ဝါဆိုမိုးဦးနဲ့ M ဆိုင်းလု တို့ရဲ့ အမိုက်စား Tik Tok Video လေးပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး စားသောက်နေကြတာလည်း မြင်ရသူတိုင်းကို အားကျစေမှာအမှန်ပါပဲနော်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- M Seng Lu’s Facebook and Warso Moe Oo’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။