ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ ဖြူဖြူထွေးကတော့ ချစ်စရာကောင်းသလို သဒ္ဓါတရားလည်း ထက်သန်သူလေးပါနော်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေပြီဖြစ်တဲ့ ဖြူဖြူထွေးဟာ ကြော်ငြာတွေ ရိုက်ကူးကာ အနုပညာအလုပ်တွေလုပ်နေရင်းနဲ့လည်း လှူဒါန်းမှုတွေ ပြုလုပ်ကုသိုလ်ယူနေတာလည်း ပရိသတ်တွေ တွေ့မြင်ကြမှာပါနော်.. ။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

အခုတစ်ခါမှာလည်း ဖြူဖြူထွေးတစ်ယောက် ငါးထောင်တန် တစ်သောင်းတန် ပိုက်ဆံတွေအုပ်လိုက်ကိုင်ပြီး လမ်းပေါ်မှာ တွေ့သမျှ အခြေခံလူတန်းစားတွေကို မုန့်ဖိုးတွေ လိုက်ပေးကာ ကုသိုလ်ယူနေပြန်ပါတယ်နော်..။

ကြည့်မိသူတိုင်းကို ကြည်နူးပီတိလေးတွေနဲ့ အပျော်လေးတွေ ကူးစက်စေမယ့် ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေ သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo Credit - Phyu Phyu Htwe's Fb Page
Photo Credit - Phyu Phyu Htwe's Fb Page
Photo Credit - Phyu Phyu Htwe's Fb Page

"ဖြူဖြူထွေးဘဝဟာ နှစ်ခါပြန်မရနိုင်တဲ့

ပီတီလေးတွေနဲ့ ပျော်မွေ့နေရတဲ့ သူလေးပါ.." ဆိုပြီး သူမရဲ့ကြည်နူးစရာ ဗီဒီယိုဖိုင်လေးကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေအားလုံးကလည်း ကြည်နူးပီတိလေးတွေနဲ့ ပျော်စရာကောင်းလွန်းတဲ့ ဖြူဖြူထွေးရဲ့ အလှူလေးကို သဘောကျနေကြသလို အပျော်လေးတွေကူးစက်နေကြမှာပါနော်..။

Photo Credit - Phyu Phyu Htwe's Fb Page
Photo Credit - Phyu Phyu Htwe's Fb Page
Photo Credit - Phyu Phyu Htwe's Fb Page

Source & Photo Credit - Phyu Phyu Htwe's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။