ပရိသတ်တွေရဲ့ အချစ်တော် MRTV-4 မင်းသမီးချောတွေထဲမှာ သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်းကောင်းလွန်းတဲ့ မင်းသမီးချောလေးကတော့ ခြူးလေးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာရရှိထားပြီး ဇာတ်ကားတွေလည်း များစွာရိုက်ကူးထားသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်သူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Chue Chue's Fb Account
Photo Credit - Chue Chue's Fb Account
Photo Credit - Yell Lin Naing (MyStudio)
Photo Credit - Yell Lin Naing (MyStudio)

အားလုံးရဲ့အသည်းကျော် ခြူးလေးကတော့ ပြီးခဲ့တဲ့ရက်က ကျရောက်ခဲ့တဲ့ ချစ်တုမလေးရဲ့ မွေးနေ့လေးမှာ မိသားစုတွေနဲ့အတူ အလှူလေးတွေပြုလုပ်ပြီး ကြည်ကြည်နူးနူးလေး ကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းတဲ့ တူမလေးရဲ့ (၁)နှစ်ပြည့် မွေးနေ့အလှူလေးမှာ မိသားစုလိုက် ကြည်နူးပျော်ရွှင် ပြုလုပ်ကုသိုလ်ယူခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ခြူးလေးက ပရိသတ်တွေကို အပျော်လေးတွေ ဂေမျှထားပါသေးတယ်..။

Photo Credit - Yell Lin Naing (MyStudio)
Photo Credit - Yell Lin Naing (MyStudio)
Photo Credit - Yell Lin Naing (MyStudio)
Photo Credit - Yell Lin Naing (MyStudio)
Photo Credit - Yell Lin Naing (MyStudio)

"၁၁.၇.၂၀၂၀ ခုနှစ် မှာ ကျရောက်တဲ့ ....

တီတီ့ သမီးလေး မေမြတ်သူ ရဲ့ ၁ နှစ်ပြည့်

မွေးနေ့မှ သည် .....

နောင်နှစ်ပေါင်း များစွာတိုင် စိတ်ချမ်းသာ

ကိုယ် ကျန်းမာနဲ့ လိုအင်ဆန္ဒတစ်လုံး

တစ်ဝ ပြည့်ကာ မိဘကို သိတတ်တဲ့ သာသနာပြု

နိုင်တဲ့ သမီးလှ ရတနာလေး ဖြစ်ပါစေ......

ဒီနေ့ ပြုပြုသမျှကုသိုလ်အားလုံးကိုလည်း

ခုနှစ်ရက် သားသမီး အပေါင်း .....

အားလုံးကို အမျှ ပေးဝေ ပါတယ်.." ဆိုပြီး ချစ်တူမလေးအတွက် မွေးနေ့ဆုတောင်းစကားလေးနဲ့အတူ ပရိသတ်တွေကိုလည်း အမျှကုသိုလ်လေးတွေ ပေးဝေထားပါသေးတယ်နော်..။

မိသားစုတွေနဲ့အတူ အေးချမ်းကြည်နူးစွာ ကုသိုလ်ယူနေတဲ့ မင်းသမီးချောခြူးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

Photo Credit - Yell Lin Naing (MyStudio)
Photo Credit - Yell Lin Naing (MyStudio)
Photo Credit - Yell Lin Naing (MyStudio)
Photo Credit - Yell Lin Naing (MyStudio)
Photo Credit - Yell Lin Naing (MyStudio)

Source - Chue Chue's Fb Account

Photo Credit - Yell Lin Naing (MyStudio)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။