ရုပ်ရှင်ဇာတ်ကားတွေတိုင်းမှာ ဇာတ်ပို့၊ ဇာတ်ရံအဖြစ် အမြဲလိုလို ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် အိအိတုံကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေဖြစ်ကြတဲ့ သူတို့ဇနီးမောင်နှံက ဘဝကိုရိုးသားကြိုးစားကာ ဖြတ်သန်းနေကြသလို သမီးလေးအတွက်လည်း မိဘကောင်းတွေအဖြစ် တာဝန်ကျေကြတာလည်း ဖြစ်ပါတယ်။ အိအိတုံရဲ့ သမီးလေးကတော့ ဖြူဖြူဖွေးဖွေးနဲ့ အရမ်းကို ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်.....။

Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account

မြင်သူတိုင်း မချစ်ဘဲမနေနိုင်လောက်အောင် ချစ်စရာကောင်းတဲ့ အိအိတုံရဲ့ သမီးလေးကတော့ အခုကတည်းက အိုက်တင်မျိုးစုံကို ပြုလုပ်တတ်နေပြီ ဖြစ်ပါတယ်..။အိအိတုံက သမီးလေးအပြင် သူမက နောက်ထပ်မွေးဖွားလာမယ့် ရင်သွေးလေးက်ိုလည်း လွယ်ထားရသူပါ။ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အိတုံက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူတစ်ယောက်ပါ။ 

Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account

ယနေ့မှာတော့ အိအိတုံက သူမရဲ့ မိသားစုအပြင် ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ လှော်ကားဥယျာဉ်သွားကာ တိရစ္ဆာန်လေးတွေကို အစာကျွေးနေတာပဲ ဖြစ်ပါတယ်။ " ဒီနေ့တော့လှော်ကားမှာသယ်ရင်းတွေနဲ့သွားလှူကြတာပျော်စရာကြီးအရမ်းပျော်ဖို့ကောင်းတယ်ခလေးလေးတွေသနားစရာသူတို့လေးတွေကပြောင်းဖူးသရက်သီးပိုကြိုက်ကြတယ်အိတုန်အလှူကို7ရက်သားသမီးအပေါင်းရကြပါစေနော်ပိတိဖြစ်စရာအလှူလေး" ဆိုတဲ့စာသားလေးအပြင် ကြည်နူးစရာကောင်းတဲ့ ပုံလေးတွေကိုလည်း တင်ပေးလါတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်......။

Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account

Source & Photo credit - Ei Tone's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။