ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိကာ အောင်မြင်တဲ့ပြည်သူချစ်အနုပညာရှင်အဖြစ် ရပ်တည်နေသလို ချစ်စရာသားလေးနဲ့အတူ ကြည်နူးစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ မင်းသမီးချောနန်းမြတ်ဖြိုးသင်းပဲ ဖြစ်ပါတယ်..။

နန်းမြတ်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ သားလေးဂျက်ဂျက်လေးကလည်း ပရိသတ်တွေရဲ့ရှေ့မှာတင် တဖြည်းဖြည်းအရွယ်မေို့ရာက်လာပြီး လည်လွန်းတတ်လွန်းတာမို့ အားလုံးက အချစ်ပိုနေကြတာပါ..။

Photo Credit - Nann Myat Phyo Thin's Fb Account
Photo Credit - Nann Myat Phyo Thin's Fb Account

ကြည်နူးစရာမိသားစုပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ နန်းမြတ်ကတော့ အခုတစ်ခါမှာ သားလေးဂျက်ဂျက် ဖိုးသူတော်ဝတ်တုန်းကအြမှတ်တရလေးတွေကို ဝေမျှလာပါတယ်နော်..။

ဂျက်ဂျက်လေး (၇)ပြည့်တုန်းက သဒ္ဓမရံသီကျောင်းတိုက်မှာ ဖိုးသူတော် တစ်ရက်ဝတ်ခဲ့တဲ့ အမှတ်တရလေးကို ဝေမျှရင်း သားလေးကြီးလာရင် ရှင်ပြုပေးဖို့အတွက်လည်း ကြိုတွေးပြီး ပျော်နေပါတယ်နော်..။

Photo Credit - Nann Myat Phyo Thin's Fb Account
Photo Credit - Nann Myat Phyo Thin's Fb Account
Photo Credit - Nann Myat Phyo Thin's Fb Account

"ဂျက်လေးဖိုးသူတော်တုန်းက ပုံလေးတွေမတင်ရသေးလို့

မေမေတရားအားထုတ်နေတဲ့ သဒ္ဓမရံသီကျောင်းတိုက်မှာ

ဂျက်လေး ၇လပြည့်တုန်းက

တရက်တည်းပါ

ကြီးလာရင် ရှင်ပြုပေးရမှာကြိုတွေးပြီး ပျော်နေပြီ ဒီမေမေက.." ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ အမှတ်တရလေးတွေကို ဝေမျှထားတာဖြစ်ပါတယ်..။

ဖိုးသူတော်ဝတ်စုံလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ ဂျက်ဂျက်လေးကို ပရိသတ်တွေ အချစ်ပိုနေကြမှာဖြစ်သလို သားသားလေးကို ရှင်ပြုပေးရမှာမို့ ကြိုတွေးပြီးပျော်နေတဲ့ မေမေနန်းမြတ်ကိုလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Nann Myat Phyo Thin's Fb Account
Photo Credit - Nann Myat Phyo Thin's Fb Account
Photo Credit - Nann Myat Phyo Thin's Fb Account

Source & Photo Credit - Nann Myat Phyo Thin's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။