ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မိစန္ဒီကတော့ ဂီတလောကမှာ အမိုက်စားသီချင်းကောင်းလေေးတွနဲ့ ထိုးဖောက်ကာ ပရိသတ်တွေရဲ့တခဲနက်အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ ပြည်သူ့အချစ်တော် တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

သူမရဲ့သီချင်းလေးတွေကတော့ မိန်းကရိသတ်တွေကြား ရေပန်းစားအောင်မြင်သလို ယောကျ်ားလေးပရိသတ်တွေကလည်း လက်ခံအားပေးကြပြီး ကိုယ်ပိုင်အရည်အချင်းတွေနဲ့လည်း သီချင်းကောင်းလေးတွေ ဖန်တီးတတ်သူလေးလည်း ဖြစ်ပါတယ်..။


Photo Credit - Mi Sandi's Fb Account
Photo Credit - Mi Sandi's Fb Account

မိစန္ဒီကတော့ အနုပညာလောကမှာ လေးစားချစ်ခင် အားပေးရတဲ့ အနုပညာရှင်တွေများစွာ ရှိသလို နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို ရရှိထားတဲ့ အဆိုတော်သရုပ်ဆောင် မင်းသားချောလေး မိုရီဆာကီဝင်းကိုလည်း အရမ်းအားပေးတဲ့အကြောင်းလေး ပြောပြလာပါတယ်..။

Talk Show တစ်ခုမှာလည်း မိုရီဆာကီဝင်းအတွက် လက်တန်းသီချင်းလေးတစ်ပုဒ် စပ်ဆိုခဲ့ပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့သလို အဝင်းကိုယ်တိုင်ကလည်း အရမ်းကို သဘောကျခဲ့တာလည်း ပရိသတ်တွေ သိကြမှာပါနော်..။


Photo Credit - Mi Sandi's Fb Account
Photo Credit - Mi Sandi's Fb Account

“ဝင်းကိုတော့ အရင်ကတည်းက မိစန္ဒီကိုယ်တိုင် အရမ်းအားပေးတယ် သူက နိုင်ငံခြားကားတွေမှာလည်း သူပါတယ် တကယ်တော်တယ် Talk Show တွေလည်း မိစန္ဒီကြည့်ဖူးတယ် တစ်ချို့အပြင်မှာ တခြားပွဲတွေတက်ပြီး အင်တာဗျူး သူကပါးနပ်တယ် တော်တယ် လူချစ်အောင်နေတတ်တယ် စကားပြောတတ်တယ် အနုပညာစွမ်းရည်ကလည်း အရမ်းကြီးတယ် ကောင်းတယ် သူ့ကို အရမ်းသဘောကျတယ်..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

မိုရီဆာကီဝင်းအတွက် Rap ဆိုပြခွင့်ရတဲ့အတွက်လည်း အရမ်းပျော်ရပြီး ပရိသတ်တွေအားပေးကြတဲ့အတွက်လည်း ပျော်ရတဲ့အကြောင်းလေးကို ပြောပြထားတဲ့ မိစန္ဒီရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Mi Sandi's Fb Account
Photo Credit - Mi Sandi's Fb Account

Photo Credit - Mi Sandi's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။