မြန်မာလက်ရွေးစင်ယူ၂၃အသင်းရဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ အောင်ကောင်းမာန်ကတော့ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)၊ အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ခြေစွမ်းခြေစရှိတဲ့ လူငယ်ကစားသမားဖြစ်တဲ့ အောင်ကောင်းမာန်ကတော့ လက်ရှိမှာ ထိုင်းကလပ်TRAT FCအသင်းမှာ ကစားလျက်ရှိနေတဲ့ လူငယ်ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Aung Kaung Mann 's facebook page
photo credit : Aung Kaung Mann 's facebook page
photo credit : Aung Kaung Mann 's facebook page

ယနေ့လေးမှာတော့ အောင်ကောင်းမာန်ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး အောင်ကောင်းမာန်ကတော့ ယခုမှာ ဖခင်ဖြစ်သူဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်နေကာ ထိုင်းကပြန်လာရင် ထမင်းလက်စုံမစားရတော့လို့ ဝမ်းနည်းနေခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ မြန်မာယူ၂၃ကစားသမားဖြစ်တဲ့ အောင်ကောင်းမာန်ရဲ့ ဖခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေပြီး မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းမိတဲ့အကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

photo credit : Aung Kaung Mann 's facebook page
photo credit : Aung Kaung Mann 's facebook page
photo credit : Aung Kaung Mann 's facebook page
photo credit : Aung Kaung Mann 's facebook page

အောင်ကောင်းမာန်ကတော့ " အရာအားလုံးအတွက် ကျေးဇူးပါအဖေအဖေဂုဏ်ယူရတယ့် သားတစ်ယောက်ဖြစ်ခွင့်ရခဲ့ပါတယ် အရမ်းသတိရတယ်ဒီတစ်ခေါက်ပြန်လာရင် ထမင်းလက်စုံမစားရတော့ဘူးပေါ့ အရမ်းချစ်တယ်အဖေ မိသားစုစုံပြီးလဲဓာတ်ပုံမရိုက်ရတော့ဘူးပေါ့ ကောင်းကောင်းအနားယူပါတော့ကျနော့်အဖေ ဦးအောင်ဗိုလ်ဝင်း ဒီမနက်ပဲဆုံးသွားပါတယ် " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်နှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: Aung Kaung Mann 's facebook page

photo credit : Aung Kaung Mann 's facebook page
photo credit : Aung Kaung Mann 's facebook page
photo credit : Aung Kaung Mann 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။