ဒီတစ်ခါမှာတော့ တရုတ်လူမျိုးတွေ ရာစုနှစ်ပေါင်းများစွားကတည်းက အလေးအမြတ်ထားခဲ့ရတဲ့ "Mount Huashan" ဟွာရှန် တောင်အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ တောင်ထိပ်မှာ ဘုရားကျောင်းများဟာ ပန့်ကြဲတည်ရှိနေတဲ့ အစဉ်အလာ စကားများအရ ဟွာရှန်ဟာ အရေးပါသော နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ထိုနေရာမှာ ငရဲခန်းများ ပြသထားတာမျိုးမရှိသော်လည်း ဟွာရှန်ဟာ ခြောက်ခြားဖွယ်နေရာ တစ်ခုဖြစ်နေပါတယ်။ တာအိုဘာသာ ယုံကြည်မှုမှာ နေရာဒေသတစ်ခုတွင် ချမ်းသာခြင်းကို အပင်နှင့် တိရိစ္ဆာန်များ ဘယ်လောက်များများ ရှိနေတယ်ဆိုတဲ့ အချက်နှင့် တိုင်းတာတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုအချက်က ဟွာရှန်တောင်ရဲ့ ချမ်းသာခြင်းကို သရုပ်ပေါ် ထင်ဟပ်စေပါတယ်။ ဆေးဘက်ဝင် အပင်များဟာ ဟွာရှန်တောင်ကြားတွင် ၄၇၄ မျိုးရှိတာပါ။ ထိုနေရာမှာ နတ်ဘုရားတွေဟာ မြေပြင်သို့လာရောက်လေ့ရှိကာ မိမိတို့ တန်ခိုးစွမ်းအင်တွေကို ပြသလေ့ရှိတယ်လို့ ယုံကြည်ကြပြီး ဧကရာဇ် ဘုရင်များဟာ ဟွာရှန် တောင်တွင် နတ်ဘုရားများကို လာရောက်ပူဇော်ခဲ့ကြပါတယ်။ ထိုနေရာသို့သွားတဲ့ လမ်းမှာ နှစ်စဉ် အသက်ပေါင်း ၁၀၀ဆုံးရှုံးကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဟွာရှန် တောင်ကြားလမ်းမှာ မတ်စောက်တဲ့ လှေကားများ အစွန်းထွက်နေပြီး လုံခြုံစိတ်ချရသော လက်ရမ်းများဟာလည်းကောင်း၊ ကိုင်တွယ်စရာ တစ်ခုခုသော်လည်းကောင်း တပ်ဆင်ထားတာမျိုး မရှိပါဘူး။ အချို့နေရာများမှာ နင်းစရာ နေရာတောင်မရှိတာကြောင့် ဟွာရှန်တောင်သို့သွားကြသူများဟာ ကျောက်တောင်ခါးပန်းများကို ချိတ်ပြီး တက်နိုင်ရန် သံကြိုးများ ယူဆောင်သွားကြရပါတယ်။ တောင်ထိပ်သို့ရောက်ရှိရင် ဘုန်းကြီးကျောင်းမှာ လက်ဘက်ရည် သောက်ရမှာဖြစ်တာကြောင့် ထိုကျောင်းဟာ ဟွာရှန် လက်ဘက်ရည်ဆိုင်လို့ ထင်ရှားခဲ့ပါတယ်။ တောင်ထိပ်ပေါ်မှာ လှပသော ရှုခင်းတွေကို ခံစားကြရပေမယ့် ပြန်အဆင်းမှာတော့ သည်းထိပ်ရင်ဖို စွန့်စားသွားရတာပဲ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။