ဂိမ်းဆိုတာဟာ လူတွေကို ပျော်အောင် အပန်းဖြေနိုင်အောင် ပြုလုပ်ထားတဲ့ ကစားနည်းပါ။ စိတ်ညစ်တဲ့အချိန်တွေ ပင်ပန်းနေတဲ့အချိန်တွေမှာ စိတ်ကိုပျော်အောင် တက်ကြွသွားအောင် ပြုလုပ်ပေးတဲ့ကစားနည်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက game စက်တွေအမျိုးမျိုးထွက်ရှိလာခဲ့ကြပါတယ်။ Arcade Game, Video Game ကနေ ခုချိန်မှာဆို X-Box, P4, P5 စတဲ့ဂိမ်းစက်တွေလဲ ထွက်ရှိလာပြီဖြစ်သလို Game တွေလဲ ထွက်သထက်ထွက်ရှိလာပြီဖြစ်ပါတယ်။ 

သို့သော်လဲဘယ်လိုဂိမ်းကများ နှစ်သန်းချီကြာအောင် ဆော့ကစားရတာ ဘယ်ဂိမ်းရှိနိုင်ပါသလဲ။ ဂိမ်းတိုင်မှာ အဆုံးသတ်ဆိုတာ ရှိသလို ပြီးဆုံးသွားရင်တောင် လုပ်စရာမရှိတဲ့ ဂိမ်းတွေပဲရှိပါတယ်။ လူတိုင်းကလဲ Game တစ်ခုရဲ့ အဆုံးသတ်ပြီးတဲ့ အထိဆော့ချင်ကြတဲ့ သူတွေပဲဖြစ်ပါတယ်။ Dota 2 တို့ PUBG တို့လို Online Battle Game တွေမပါဝင်ပဲ ဒီတိုင်း နှစ်သန်းချီကြာမှ အဆုံးသတ်နိုင်တဲ့ Game ဆိုတာရှိနိုင်သလား။ ရှိတယ်လို့ပြောရင်ရော ပရိသတ်ကြီးအနေနဲ့ ယုံနိုင်မှာလား။ 

နှစ်သန်းချီမှ ပြီးဆုံးမဲ့ ဂိမ်းဟာ တကယ်တော့ ရှိပါတယ်။ ထူးခြားတာက သူက အင်တာနက်လိုတယ်ဆိုပေမဲ့ အင်တာနက် လိုင်းကျချိန်မှ ဆော့ကစားလို့ရတာဖြစ်ပါတယ်။ အဲ့ဂိမ်းကို ဆော့ကစားနှုန်းဟာ တစ်လမှာ အကြိမ်ပေါင်း ပျမ်းမျှ သန်း၂၇၀ ဆော့ကစားကြတယ်လို့ ကောက်ယူထားပါ။ ဘာဂိမ်းဖြစ်နိုင်မယ်လို့ထင်ပါသလဲ။ Game နာမည်ကတော့ T-Rex Game ပဲဖြစ်ပါတယ်။ လိုင်းကျတဲ့အချိန်တက်တက်လာတဲ့ Dinosaur လေးပြေးရတဲ့ ဂိမ်းဖြစ်ပါတယ်။ အဲ့ဂိမ်းကို အဆုံးမရှိဘူး လို့ပရိသတ်ကြီးထင်ပါသလား။ တကယ်တော့ရှိပါတယ်....Developer တွေကြေငြာချက်အရ အဲ့ဂိမ်းဟာ နှစ်သန်းပေါင်း ၁၇သန်း ဆော့ကစားမှ ပြီးနိုင်မယ်လို့ ကြေငြာထားခဲ့ပါတယ်။ ပရိသတ်ကြီး ဆော့ကစားချင်ရက်လား။ 

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။