ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ နာမည်ကျော် လူသိများတဲ့ ပန်းချီကားတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ပန်းချီကားတွေထဲကမှ "The Last Supper" နောက်ဆုံး ညစာ ပန်းချီကားအကြောင်းကို ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုပန်းချီကားအကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစား သတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို ဖော်ပြပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

နောက်ဆုံး ညစာ ပန်းချီကား ဟာ ၁၅ ရာစုတွင် လီယိုနာဒို ဒါဗင်ချီရေးဆွဲခဲ့တဲ့ နံရံဆေးပန်းချီဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလန်မြို့မှာ တည်ရှိပါတယ်။ "Santa Maria delle Grazie" ဘုရားဝတ်ပြုကျောင်းရဲ့ စားဆောင် အနောက်ဘက်နံရံပေါ်မှာ ရေးဆွဲထားတဲ့ ထိုပန်းချီကားဟာ ယေရှုခရစ်တော်က သူ့ရဲ့တမန်တော် ၁၂ ပါးအနက် တစ်ပါးဟာ သူ့အပေါ် သစ္စာဖောက်တော့မှာဖြစ်ကြောင်း ကြေညာတဲ့ နောက်ဆုံးညစာစားပွဲကို ကိုယ်စားပြုတဲ့ ပုံဖြစ်ပါတယ်။

photo credit pngtree

လီယိုနာဒိုဟာ နောက်ဆုံး ညစာ ပန်းချီကားကို ၁၄၉၅ ခုနှစ်မှာ စတင်ရေးဆွဲခဲ့ကာ ဆက်တိုက် မရေးဆွဲခဲ့သော်လည်း ၁၄၉၈ ခုနှစ်တွင် ပြီးဆုံးခဲ့ပါတယ်။ ပန်းချီဆရာအများစုက ပန်းချီကားမှာပါရှိတဲ့ ခရစ်တော်ရဲ့ ဝဲဘက်မှာ ထိုင်နေသူဟာ တမန်တော် ဂျွန်လို့ ပြောဆိုကြသော်လည်း စာရေးဆရာအချို့က ထိုလူဟာ မေရီ မက်ဒါလန်းနှင့် ပိုတူနေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ထိုအယူအဆကို ၁၉၉၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ "The Templar Revelation" စာအုပ်နှင့် ၂၀၀၃ ခုနှစ်က ထုတ်ဝေခဲ့သော "The Da Vinci Code" စာအုပ်တို့မှာ မီးမောင်းထိုးပြခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။