ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နာမည်ကျော် လူသိများတဲ့ စာကြည့်တိုက်တွေနဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ စာကြည့်တိုက်တွေထဲကမှ "Bibliotheque nationale de France" စာကြည့်တိုက်ကြီးအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖွင့်လှစ်ထားသော အမျိုးသားစာကြည့်တိုက်ကို ၁၄၆၁ ခုနှစ်မှာ တည်ထောင်ခဲ့ကာ ပြင်သစ် နိုင်ငံမှာ ထုတ်ဝေခဲ့သမျှ စာအုပ်စာတမ်းများအားလုံးကို ထိန်းသိမ်းထားရှိပါတယ်။ စာကြည့်တိုက်ကို လက်ရှိနေရာသို့ ၁၈၆၈ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အဆောက်အအုံအသစ်ကို တည်ဆောက်ပြီးစီးခဲ့ပါတယ်။

photo credit pngtree

စာအုပ်ပေါင်း ၁၄ သန်းစုဆောင်းထားနိုင်သဖြင့် ပြင်သစ်အမျိုးသား စာကြည့်တိုက်ဟာ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် ဖြစ်လာခဲ့ပါတယ်။ ထိုစုဆောင်းမှုများမှာ ပုံနှိပ်စာမူများ၊ လက်ရေးမူများ၊ ဓာတ်ပုံများ၊ မြေပုံများ၊ ဆွဲပုံများ၊ ဒင်္ဂါးများ၊ တံဆိပ်များ ၊ အသံဖိုင်များ၊ ရုပ်သံမှတ်တမ်းများပါဝင်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။