ဒီတစ်ပါတ်မှာတော့ ကမ္ဘာတစ်လွှား ထူးဆန်းထွေလာ အဖြစ်အပျက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ငါးခဲတွေ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုငါးခဲတွေအကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်း ပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့မှာ ရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ သတိမမေ့ပါနဲ့ဦးနော်။
နော်ဝေးနိုင်ငံမှာ၂၀၁၄ ခုနှစ်က ငါးတွေကို ခဲသွားစေတဲ့ အလွန်ပြင်းထန်သော အအေးဒဏ် ကျရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်အခါတုန်းက "Ingolf Kristiansen" ဆိုသူဟာ သူ့ရဲ့ ခွေးနှင့် အတူ Lovund ပင်လယ်အော် တစ်လျောက် လမ်းလျှောက်ထွက်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ တစ် ကြိမ်တစ်ခါ မှ မမြင်ဖူးခဲ့တဲ့ အရာတစ်ခုကို ခလုပ်တိုက်မိရာ အေးခဲနေသော ငါးတွေဖြစ်နေကြောင်း တွေ့ရှိခဲ့ရတာပါ။ ထိုနေ့က အအေးနှင့် လေတိုက်နှုန်း စံချိန်ဟာ ပင်လယ်အော် တစ်ခုလုံးကို အေးခဲသွားစေရန် မောင်းတင်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
သဘာဝကြောင့် မဟုတ်ဘဲ လူသားများကြောင့် အေးခဲသွားခဲ့တဲ့ ငါးကောင်ရေ ငါးထောင်ဟာလည်း စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကီတာကျူရှူး၊ အပမ်းဖြေ ဥယျာဉ်အတွင်းမှ မိုးလုံလေလုံ စကိတ်ကွင်းမှာ ငါးကောင်ရေ ငါးထောင်ဟာ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်က ပိတ်မိကာ အေးခဲ သွားခဲ့ကြပါတယ်။ စကိတ်ကွင်းအတွင်းသို့လာရောက်လည်ပတ်သူများကို အဏ္ဏဝါ ဆိုင်ရာ ပညာပေးမှုများပြသနိုင်ရန် ငါးများကို ပြသထားခဲ့ပါတယ်။ ပါးစပ်များဟကာ သေဆုံးနေကြတဲ့ ငါးတွေရဲ့ ပုံရိပ်တွေကြောင့် ထိုဥယျာဉ်ဟာ ငါးတွေကို ရက်စက်စွာ ပြုမူခဲ့ကြောင်း ဝေဖန်ခံခဲ့ရပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း ထိုစကိတ်ကွင်းကို ပိတ်သိမ်းခဲ့ရပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။