ဒီတစ်ပါတ်မှာတော့ တိရိစ္ဆာန်တို့ရဲ့ အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ မှတ်သားသင်ယူမှုနဲ့ ပတ်သက်ြပ်ီး တင်ဆက်ပေးသွားမှာပါ။ တိရိစ္ဆာန်များစွာထဲကမှ လူတွေနဲ့ မကင်းကွာတဲ့ ဝက်ကလေးတွေအကြောင်းကို ရွေးချယ်ဖော်ပြပေးသွားမှာပါ။ စားသောက်မွေးမြူဖို့အတွက် ခိုင်းစေ အသုံးပြုခံခဲ့ကြရတဲ့ ဝက်ကလေးတွေဟာ တစ်ကယ်သနားဖို့ကောင်းပါတယ်။ ဒါကြောင့်မလို့သူတို့လေးတွေကို စားသောက်ခိုင်းစေဖို့အတွက်ချည်းပဲ မဟုတ်ဘဲ အခြားမြင့်မားသော လူသားအကျိုးပြုနေရာတွေမှာ အသုံးချရန် စမ်းသပ်လေ့လာကြည့်တဲ့အခါမှာတော့ ရလဒ်ကောင်းတွေကို တွေ့မြင်ခဲ့ကြရတာပါ။

ဝက်ကလေးတွေကို ညစ်ပေသော သတ္တဝါများလို့ လူများစုက ယူဆကြပါတယ်။ အချို့ကျတော့လည်း ခွေးကလေးတွေ၊ ကြောင်ကလေးတွေထက် ပိုမိုသန့်ရှင်းတဲ့ အိမ်မွေးတိရိစ္ဆာန်များဖြစ်တယ်လို့ ဆိုပါတယ်။ ဝက်ကလေးတွေရဲ့ခန္ဓာကိုယ်မှာ ချွေးဂလင်းများမပါရှိတာကြောင့် ခန္ဓာကိုယ်အေးမြစေရန် ရွှံ့ပေါ်မှာ လူးကြရတာကြောင့် ကိုယ်ခန္ဓာက ညစ်ပေနေကြပါတယ်။ ဝက်တစ်ကောင်ရဲ့ ပါးနပ်လိမ်မာမှုကို ၁၉၉၀ ပြည့်နှစ်မှာ စမ်းသပ်ခဲ့ကြပါတယ်။ ဝက်ကလေးတွေကို ဗီဒီယို ဖန်သားပြင်မှာ ပေါ် လေ့ရှိတဲ့ အညွှန်းမြား(cursor)ကို နှုတ်သီးဖြင့် ရွှေ့နိုင်ရန် လေ့ကျင့်ပေးခဲ့ကြတာပါ။

ဝက်ကလေးတွေဟာ ကာဆာကို ရွှေ့ခြင်းဖြင့် ကြောင်ခြစ်ခြစ်ထားသော အရာများနှင့် သူတို့ ပထမဆုံးအကြိမ်မြင်ဖူးထားတဲ့ ခြစ်ရာများကို ခွဲခြားနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ထို့ကြောင့် သုတေသီများက ချန်ပန်ဇီမျောက်ကလေးတွေလိုမျိုး လျင်မြန်စွာ သင်ယူတတ်မြောက်ကြတယ်လို့ ဆိုပါတယ်။ လောကရှိ သက်ရှိ သတ္တဝါတိုင်းဟာ မိမိတို့ ရှင်သန်ရပ်တည်မှုအတွက် ထိုက်သင့်သော ဉာဏ်ရည်များရှိကြစမြဲဆိုတာကို ဝက်ကလေးတွေက သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။