ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ လှပဆန်းပြား ကမ္ဘာကျော် တံတားကြီးတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ထဲကမှ "Russky bridge" ရပ်စ်ကီ တံတားအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုတံတားကြီးအကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ရုရှားနိုင်ငံဟာ ၂၀၁၂ ခုနှစ်က ဗလာဒီဗိုစ်တော့မြို့မှာ ကျင်းပမယ့် အာရှ ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ သို့ သွားလာမှု ချောမွေ့စေရန် အရှေ့ ဘော့စ်ဖိုရပ်စ် ရေလက်ကြားမှာ တံတားကြီးတစ်စင်း တည်ဆောက်ခဲ့ပါတယ်။ ထိုတံတားကြီးဟာ ညီလာခံကျင်းပမယ့် ရပ်စ်ကီကျွန်းနှင့် နာဇီမော့ ကျွန်းဆွယ်ကို ဆက်သွယ်ထားပါတယ်။ ရပ်စ်ကီတံတား တည်ဆောက်မှုဟာ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ပြီးဆုံးခဲ့ပြီး ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီ မီဒီဒက်က ထိုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။

photo credit pngtree

ရပ်စ်ကီဟာ ကမ္ဘာပေါ်မှာ သံကြိုးများဖြင့် တည်ဆောက်ထားတဲ့ အရှည်လျားဆုံးသော တံတားဖြစ်ပါတယ်။ တံတား အလယ် ခန်းပွင့်ဟာ ၃၆၂၂ ပေ ရှိပါတယ်။ ထို့အတူ ရပ်စ်ကီမှာ သံကြိုးများ ချိတ်ဆွဲသော တိုင်များဟာ ကမ္ဘာပေါ်မှာ ဒုတိယ အမြင့်ဆုံး တံတားတိုင်များ ဖြစ်ပါတယ်။ လေးလမ်းသွား တံတားပေါ်မှာ တစ်ဘက်ကို နှစ်လမ်းသွား ကားလမ်းတစ်ခုစီ ပါရှိတာပါ။ စုစုပေါင်း တံတားအရှည်ဟာ ၁၀၂၀၀ ပေဖြစ် ပြီး ၉၇ ပေကျယ်ကာ ၁၀၅၃ ပေမြင့်ပါတယ်။ ရေလမ်းကင်းလွတ်အမြင့်ဟာ ပေ ၂၃၀ ဖြစ်ပြီး တည်ဆောက်စရိတ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကုန်ကျခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။