ညဘက်အိပ်ပျော်စေတဲ့ နွားနို့ပူပူသောက်တာ၊ ရေအေးအေးလေးချိုးပေးတာ နောက်ဆုံးအိပ်ဆေးသောက်ရတာ စတဲ့နည်းလမ်းတွေနဲ့ရိုးနေပြီလား။

အောက်မှာဖော်ပြထားတဲ့ သိပ္ပံနည်းကျ သင်ကိုယ်တိုင် ကိုယ်​့ကိုယ်​ကို လှည့်စားနိုင်တဲ့ အချက် (၁၁)ချက်ကို လိုက်နာကြည့်ရအောင်နော်။

၁။ ဘယ်ဘက်နှာခေါင်းပေါက်ကနေ အသက်ရှူပါ

ခန္ဓာကိုယ်ကို သက်တောင့်သက်သာဘေးတစောင်းလှဲပါ။ ပြီးရင် သင့်ညာဘက်နှာခေါင်းပေါက်ကို လက်ဖြင့်အသာဖိပိတ်ပြီး ဘယ်ဘက်နှာခေါင်းပေါက်ဖြင့်အသက်ကိုဖြည်းညှင်းစွာရှူပါ။ ဒီယောဂနည်းက သင့်ကိုခဏတာအတွင်းအိပ်ပျော်ပါစေလိမ့်မယ်။

၂။ ခြေချောင်းအကြောဆန့်ပေးပါ။

အိပ်ရာပေါ် သက်တောင့်သက်သာလှဲနေပြီး ခြေထောက်တွေကိုဆန့်ထားပါ။ ပြီးရင် ခြေချောင်းတွေကို တတ်နိုင်သမျှကွေးညွှတ်ပြီး ပြန်ဆန့်ပါ။ ဒီနည်းက သင့်ရဲ့ကြွက်သားတွေကို အနားပေးပြီ အိပ်ပျော်စေနိုင်ပါတယ်။

၃။ ငါဒီညအိပ်မှာမဟုတ်ဘူးလို့ ကိုယ်​့ကိုယ်​ကို လှည့်စားပါ။

များသောအားဖြင့် ဦးနှောက်က ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ပြောင်းပြန်လုပ်ဆောင်ပေးတတ်ပါတယ်။ ဒါကြောင့် မျက်လုံးဖွင့်ထားပြီး ငါမအိပ်ဘူး၊ မအိပ်ဘူးဟု ကိုယ်​့ကိုယ်​ကို ပြောပေးပါ။ မကြာခင်အိပ်ချင်လာပါလိမ့်မယ်။

၄။ တစ်နေ့တာလုပ်ဆောင်ချက်တွေပြန်တွေးပါ။

သင်ဒီနေ့ဘာလုပ်ခဲသလဲဆိုတာ အိပ်ရာမဝင်ခင်အချိန်ကနေစပြီး ဘယ်သူနဲ့စကားပြောခဲ့တာ၊ ဘာစားခဲ့တာ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာပြန်စဉ်းစားပါ။ မကြာခင်အချိန်အတွင်းမှာ သင်ဟာအိပ်ဖို့အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

၅။ မျက်လုံးပိတ်ပြီး မျက်ဆံကိုအပေါ်အောက်ရွှေ့ပေးပါ။

ဒီနည်းဟာ သင့်ကို အိပ်ပျော်စေတဲ့ မယ်လတိုနင်အပါအဝင်ဟော်မုန်းတွေထွက်လာစေပါတယ်။ မျက်လုံးပိတ်ပြီး မျက်ဆံကို အပေါ်အောက်သုံးကြိမ်ခန့်နှင့်အထက် ရွှေ့ပေးပါ။

၆။ စိတ်​ကူးယဉ်​ပါ။

သင်ဟာအိပ်နေတဲ့အချိန် အလွတ်လပ်ဆုံးဖြစ်ပါတယ်။ ဘယ်သူမှမသိတဲ့အတွက် လွတ်လွတ်လပ်လပ်စိတ်ကူးယဉ်ပါ။ စိတ်ကူးထဲမှာပေါ်တဲ့ အနံ့၊ အရသာ၊ အထိအတွေ့ အာရုံကို ပုံဖော်ပါ။ မကြာခင် အချိန်စိတ်ဖိစီးမှုတွေပျောက်ပြီး အိပ်ပျော်သွားနိုင်ပါလိမ့်မယ်။

၇။ တိုးတိုးလေးညည်းပါ။

ဒါဟာလဲယောဂနည်းတစ်မျိုးဖြစ်ပါတယ်။ သက်တောင့်သက်သာအနေအထားမှာထိုင်ပြီး အကြောလျှော့ပါ။ အသက်ရှူသွင်းပြီး ပါးစပ်ကနေပြန်ထုတ်ပါ။ ပါးစပ်ကနေ အသက်ရှူထုတ်တဲ့နေရာမှာတိုးတိုးလေးညည်းပါ။ သင့်ရဲ့ရင်ဘတ်နေရာကတုန်ခါမှုကို အာရုံစိုက်ပါ။ ပြီးရင် ငါအိပ်ဖို့အဆင်သင့်ဖြစ်ပြီဆိုပြီး ကိုယ်​့ကိုယ်​ကို အမိန့်ပေးပါ။ သင်အိပ်ပျော်သွားပါလိမ့်မယ်။

၈။ ဒီနေရာကိုဖွဖွလေးဖိပါ။

သင့်ရဲ့ ခန္ဓာကိုယ်​မှာ အိပ်ပျော်စေတဲ့ ဟော်မုန်းထုတ်ပေးတဲ့နေရာတွေရှိပါတယ်။ ပထမနေရာကတော့ မျက်ခုံးနှစ်ခုကြား၊ နှာခေါင်းထိ်ပ်နေရာကို လက်ဖြင်း စက္ကန့်၂ဝကြာဖိပါ။ ပြီးရင်လွှတ်ပေးပြီး သုံးကြိမ်ပြည့်အောင်လုပ်ပါ။ နောက်တစ်နေရာကတော့ ခြေညိုးနဲ့ခြေမကြားနေရာကိုဖိပေးပါ။ ပြီးရင်ခြေညိုးကို အသာလေးညှစ်ပေးပါ။ အိပ်ချင်တဲ့ဟော်မုန်းတွေထွက်လာပါမယ်။

၉။ လုပ်နေကြမဟုတ်တဲ့အရာကိုလုပ်ပါ။

အိပ်ရာထဲမှာလှဲပြီးပါးကိုဖွဖွပွတ်ပေးတာ၊ လက်ချောင်းလေးတွေဆုပ်ကိုင်တာ စတဲ့လုပ်နေကြမဟုတ်တဲ့အရာတွေကိုလုပ်ပါ။ ဦးနှောက်ကပြောင်းပြီး အာရုံစိုက်နေပါလိမ့်မယ်။

၁၀။ အသက်ရှူသွင်းရှူထုတ်ပါ။

ဝင်လေထွက်လေမှတ်တာနဲ့အတူတူပါပဲ။ သင့်စိတ်ကိုငြိမ်စေပြီးအိပ်ပျော်စေပါတယ်။

၁၁။ နောက်တစ်ရက်အတွက်လုပ်ဆောင်တာများကို ချရေးပါ။

အိပ်ရာပေါ်မှာ ကိုယ်အရေးတကြီးလုပ်ရမယ့်အရာတွေကို စာရင်းပြုစုပါ။ တစ်ခါတစ်ရံအိပ်မပျော်တာ လုပ်စရာတွေများနေလို့ဖြစ်တတ်ပါတယ်။ ဒီလိုဆို ကိုယ်ဘာလုပ်ရမလဲ ဘယ်လိုဘယ်အချိန်လုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိပြီဆို စိတ်ပေါ့ပြီးအိပ်ပျော်သွားပါလိမ့်မယ်။

Source: Mirror

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။