ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ကတော့ MRTV -4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ခန့်က " လေးစုံတွဲ " ဇာတ်လမ်းတွဲလေးနဲ့ လူသိများခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲ အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်တဲ့ သူလေးပါ။ သူမက နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုပါ လက်ခံရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်.....။

Photo credit - Khant's facebook page
Photo credit - Khant's facebook page

ခန့်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ " အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးထဲမှာ စိတ်သဘောထားပြည့်ဝပြီး ကျေးဇူးတရားသိတက်တဲ့ အတွင်းရေးမှူးမလေး ရှေးရေစက် အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါနော်.။ ခန့်က မကြာခဏဆိုသလို ဇာတ်လမ်းတွဲလေးထဲက အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်...... ။

Photo credit - Khant's facebook page
Photo credit - Khant's facebook page
Photo credit - Khant's facebook page

ယခုမှာလည်း ခန့်က " ပြန်ကြည့်တဲ့အခါမှာတောင် စိတ်တွေပင်ပန်းတာ ရိုက်တုန်းကအချိန်ကိုပြန်ရောက်သွားသလိုပဲရိုက်ခဲ့တုန်းက ၆လလောက် ရှေးရေစက်ဆိုတဲ့ character ကြီးထည့်ပြီးနေလာရတာ အရမ်းပင်ပန်းခဲ့ပါတယ် ငိုတဲ့အခါမှာလဲ တကယ်စိတ်နှစ်ပြီးငိုခဲ့တဲ့အတွက် ငိုတဲ့အခန်းရိုက်ပြီးတဲ့အခါတိုင်း မျက်လုံးတွေဖောင်းအစ်ပြီးတော့ စိတ်ထဲမှာအရမ်းကိုမွန်းကြပ်ခဲ့ရတယ် " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာ​ကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....... ။

Photo credit - Khant's facebook page
Photo credit - Khant's facebook page
Photo credit - Khant's facebook page

Source & Photo credit - Khant's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။