လေယာဉ်မယ်အလုပ်ကနေ ထွက်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချော ခင်သဇင်ပဲ ဖြစ်ပါတယ်။ သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အချင်းတွေကြောင့် ပရိသတ်အားပေးလက်ခံမှုကို ထိုက်တန်စွာ ရရှိထားတာလည်း ဖြစ်ပါတယ်.....။

Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account

ခင်သဇင်က အနုပညာလှုပ်ရှားမှုအပြင် ပရဟိတ လုပ်ငန်းတွေမှာလည်း စိတ်အားထက်သန်စွာ ကူညီလုပ်ကိုင်ပေးတက်တဲ့ သူလေးဖြစ်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ပရဟိတ မင်းသမီးလေးလို့ ချီးကျူးပြောဆိုနေကြတာပါနော်။ သူမက ယခုလက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေကို ပါဝင် ရိုက်ကူးနေပြီး MRTV -4မှာ ပြသနေတဲ့ "အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးထဲမှာလည်း သရုပ်ဆောင်ထားပါ​သေးတယ်နော်......။

Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account

"အချစ်ဖွဲ့လေညင်း "ဇာတ်လမ်းတွဲလေးထဲမှာ မိုးကလျာဆိုတဲ့ ကာရိုက်တာလေးနဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပီပြင်အောင် ပုံဖော်ပေးနေသူပါနော်။ မကြာသေးမီက ခင်သဇင်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " မိုးကလျာတော့ ခင်သဇင် ဟုတ်တယ်ဒါပေမယ့် ခင်သဇင် ကတော့ မိုးကလျာ မဟုတ်ဘူး နားရှုပ်သွားမှာစိုးလို့ ထပ်ပြောမယ်နော် ခင်သဇင်က မိုးကလျာ မဟုတ်သလို မိုးကလျာကလည်း ခင်သဇင် မဟုတ်ဘူး သိဖို့ အဲတော့ မမမိုးလို့ comment လာပေးရင် မကြိုက်ဘူး အဲဒီ မိုးကလျာကို တို့လည်း မုန်းတယ်" ဆိုတဲ့ စာသားလေးကို ရေးသားထားတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...... ။

Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account

Source & Photo credit - Khin Thazin's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။