ဂျမေကာနိုင်ငံသား အူစိန်ဘော့ဟာ ပထမဦးဆုံး အိုလံပစ်ရွှေတံဆိပ်ဆုကို သုံးနှစ်ဆက်ရယူနိုင်ခဲ့သူဖြစ်ပြီး အားကစားသမားတွေထဲမှာ သင်ငွေအများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့အမြန်ဆုံးလူသားအနေနဲ့စံချိန်တင်ထားတဲ့သူဟာ အားကစားသမားတွေထဲမှာ ဝင်ငွေအကောင်းဆုံးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကဝင်ငွေကတော့ ရုပ်သံအစီအစဉ်တွေ၊ စပွန်ဆာ ကုမ္မဏီတွေ၊ ပြိုင်ပွဲဆုကြေးတွေကနေရရှိပြီး ပြိုင်စံရှား ကမ္ဘာမှာတစ်ဦးတည်းရှိသူကို နိုင်ငံတကာက ကုမ္ပဏီကြီးတွေကနေ စပွန်ဆာပေးဖို့တန်းစီနေတာလဲ မထူးဆန်းပါဘူး။
ဘော့ဟာ ၂၀၀၈ခုနှစ် ဘေကျင်းအိုလံပစ်ပြိုင်ပွဲကနေစပြီးတစ်ကမ္ဘာလုံးသိလာတာဖြစ်ပါတယ်။ သူ့ရဲ့ဘေကျင်းမှာရှိတဲ့ အဓိကစပွန်ဆာတွေဟာဆိုရင် Pumaနဲ့ Digicelတို့ပဲဖြစ်ပါတယ်။
ဘော့ဟာ ဒီနှစ်အစပိုင်းမှာဆိုရင် ဂျပန်ရဲ့ All Nippon Airways နဲ့ သြစတြေးယား ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Optusနဲ့လဲ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပါသေးတယ်။ အားလုံးထဲမှာမှ ဘော့ရဲ့ ကျောထောက်နောက်ခံ အဓိကစပွန်ဆာကုမ္ပဏီကတော့ Pumaဖြစ်ပါတယ်။ ဘော့ဟာ သာ့ကိုယ်ပိုင် Shaving ကုမ္ပဏီတစ်ခုကိုလဲတည်ထောင်ထားပါသေးတယ်။
ကမ္ဘာ့အပြေးမြန်ဆုံးလူသား အူစိန်ဘော့ဟာ ဒီ ၂၀၁၆ ရီယို အိုလံပစ်ပြိုင်ပွဲဟာ သူ့အတွက်နောက်ဆုံးပဲဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ သူဟာ ၂၀၁၇ World Championship London အပြီးမှာ အနားယူတော့မှာဖြစ်ပြီး ဒီ အိုလံပိတ်ပိတ်ပွဲအခမ်းအနားမှာဆို သူ့အသက် ၃ဝပြည့်မှာဖြစ်ပါတယ်။
Source: Forbes
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။