ကိုယ်ဝန်ဆိပ်တက်တာ နောက်တစ်မျိုးကတော့ အရှေ့မှာတုန်းကဖော်ပြခဲ့သလို ကိုယ်ဝန်ဆောင်ကာလမှာ သွေးတိုးနေတဲ့အပြင် အာရုံကြောရောဂါ၊ ဇီဝရုပ်ဖြစ်ပျက်မှုရောဂါတွေ တစ်ခုမှမရှိဘဲနဲ့ တကိုယ်လုံးကွေးကောက်ပြီး တက်လာတာပါပဲ...။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်တက်ပြီဆိုရင် ဖြစ်နိုင်ခြေရှိတာတွေကတော့ -
(၁) ကိုယ်ဝန်ဆိပ်တက်တာ
(၂) လေဖြန်းတာ ၊ ဦးနှောက်သွေးကြောပိတ်တာ
(၃) အတက်ရောဂါ
(၄) ဦးနှောက်ပအမြှေးပါးရောင်တာ
(၅) ဦးနှောက်ရောင်တာ
(၆) ငှက်ဖျားပိုးဦးနှောက်ထဲရောက်တာ
(၇) ဦးခေါင်းကိုထိခိုက်ဒဏ်ရာရတာ
(၈) သွေးတွင်းအချိုဓာတ်ကျတာ၊ ဆီးချိုဆိပ်တက်တာ
(၉) ဦးနှောက်အကျိတ်ဖြစ်တာ စတာတွေကို စဉ်းစားရပါတယ်။ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆိပ်ကြောင့် တက်ပြီဆိုရင် ဆေးရုံ၊ ဆေးခန်းကို သေချာပေါက် ပို့ရမယ့်အခြေအနေဖြစ်ပါတယ်...။ ကိုယ့်ဘာသာ ခြေချိုးလက်ချိုးလုပ်နေလို့မရပါဘူး...။
ကုသမှု ဘယ်လိုပေးမလဲဆိုတာကတော့ အမျိုးသမီးကို ဘေးတစောင်းအနေထားအတိုင်း လှဲထားဖို့လိုပါတယ်...။ ပြီးမှ နှာခေါင်း၊ ပါးစပ်တွေမှာ အန်ဖက်တွေနဲ့ မှား ပိတ်ဆို့နေသလား၊ အသက်ကောင်းကောင်းရှူရဲ့လား၊ သွေးလှည့်ပတ်မှု၊ သွေးခုန်နှုန်းတွေ ကောင်းရဲ့လားဆိုတာ သေချာစစ်ဆေးကြည့်ရပါမယ်...။ တကယ်လို့ အန်ဖက်တွေ၊ သွေးတွေနဲ့ ပါးစပ်၊ နှာခေါင်းတွေမှာ ပိတ်ဆို့နေရင်တော့ ဒါတွေကို ဖယ်ထုတ်ရပါမယ်...။ လိုအပ်ရင် အောက်ဆီဂျင်ပေးတာ၊ drip ချိတ်တာတွေ လုပ်ရပါတယ်...။
ဒီလိုအခြေနေမှာ လူနာကို ဘယ်တော့မှာ တစ်ယောက်တည်း မထားထားသင့်ပါဘူး...။ အန်ဖက်ဆို့တာမျိုးဖြစ်ခဲ့ရင် အမေရော၊ ကလေးပါ အသက်ဆုံးရှုံးနိုင်တဲ့အတွက်ပါ...။ ပြီးရင် မိခင်ကို သွေးပေါင်ချိန်၊ သွေးခုန်နှုန်းအပါအဝင် ဆီးသွားတဲ့ပမာဏ၊ ဆီးထဲ အသားဓာတ်ပါ မပါ၊ သတိကောင်း မကောင်း စတာတွေကို စောင့်ကြည့်နေဖို့အရေးကြီးပါတယ်...။ လိုအပ်တဲ့စစ်ဆေးမှုတွေလည်း တစ်ခါတည်း လုပ်ထားရပါမယ်...။ တချိန်တည်းမှာတင် ဗိုက်ထဲက သန္ဓေသားအခြေနေကိုသိရအောင် ကလေးနှလုံးခုန်နှုန်း နားထောင်တာ၊ စီတီဂျီဆွဲတာ၊ အာထရာစောင်းရိုက်တာတွေ လုပ်ကို လုပ်ရပါမယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၄)" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆိပ်တက်ခြင်း (ကိုယ်ဝန်ဆောင်အတက်ရောဂါ) အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။
source ဒေါက်တာစိမ့်စမ်းဖြူ
photo credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။