မြန်မာနိုင်ငံ၏ ပထမဦးဆုံးအနေနဲ့ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် စွန့်ပစ်ပစ္စည်းများကို အိမ်တိုင်ရာရောက် ရောင်းဝယ်နိုင်သည့် အက်ပလီကေးရှင်း အသစ်တစ်ခုဖြစ်သည့် Recycle Myanmar ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Recycle Myanmar သည် အင်တာနက်နှင့်မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ပေါ် အခြေခံ၍ စွန့်ပစ်ပစ္စည်းဝယ်ယူလိုသူနှင့် ပြန်လည်ရောင်းချလိုသူတို့ကို ချိတ်ဆက်ဆောင်ရွက်ပေးတဲ့ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit:Recycle Myanmar
Photo Credit:Recycle Myanmar
Photo Credit:Recycle Myanmar

Recycle Myanmar ကတော့ရေသန့်ဘူးခွံ၊ ပုလင်းခွံ၊ သတင်းစာ၊ ဂျာနယ်၊ စက္ကူ၊ ဘက်ထရီအိုးအပျက် လျှပ်စစ်ပစ္စည်းအဟောင်း၊ ကော်ဗူး၊ ကော်ခွက်စတဲ့ (ပြန်ရောင်းလို့ရသောအမှိုက်) များကို ဝယ်ယူ သူနှင့် ရောင်းချလိုသူတို့ကို ချိတ်ဆက်ဆောင်ရွက်ပေးသည့် အခမဲ့မိုဘိုင်းလ် Application တစ်ခု ဖြစ်ပါတယ်။ ဝယ်ယူသူ ဆိုပါက Recycle Myanmar Picker ဆိုသည့်အမည်ကို အသုံးပြုရမှာဖြစ်ပြီး ရောင်းမည့်သူဆိုပါက Recycle Myanmar User ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Photo Credit:Recycle Myanmar
Photo Credit:Recycle Myanmar
Photo Credit:Recycle Myanmar

Recycle Myanmar User အသုံးပြုသူများသည် စွန့်ပစ်ပစ္စည်းများ ရောင်းချရန် မည်သည့်နေရာမှ သွားစရာမလိုဘဲ အွန်လိုင်း ပေါ်မှာတင် အချိန်ကုန်သက်သာစွာဖြင့် ရောင်းချနိုင်တာပါ။ ပစ္စည်းဝယ်ယူသူများအနေဖြင့်လည်း GPS စနစ် အသုံးပြုထားသောကြောင့် တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံဝယ်စရာမလိုဘဲ Recycle Myanmar Picker ဆိုသည့် အက်ပလီကေးရှင်းဖြင့် စွန့်ပစ်ပစ္စည်းများဝယ်ယူနိုင်ပါတယ်။ ယခုအချိန်ထိ Recycle Myanmar ကို အသုံးပြုသည့် စွန့်ပစ်ပစ္စည်းဝယ်ယူသူ ၂၀၀ ကျော်နှင့် ရောင်းချသူ ၇၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ Recycle Myanmar Applicationကိုတော့ ပြည်မြို့နှင့် မန္တလေးမြို့ကြီးများတွင် စတင်အသုံးပြုနေပြီး ရန်ကုန်မြို့နှင့်ကျန်တိုင်း ဒေသကြီး ပြည်နယ်များမှာလည်း မကြာမီ အချိန်အတွင်း အသုံးပြုနိုင်တော့မှာ ဖြစ်တာကြောင့် အဆိုပါ application ကို download လုပ်ထားကြဖို့ မမေ့နဲ့နော်။

Photo Credit:Recycle Myanmar
Photo Credit:Recycle Myanmar
Photo Credit:Recycle Myanmar

Source:Commercial Article


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။