အခုနောက်ပိုင်း ကာဗိုဟိုက်ဒရိတ်ကိုစားရင် ဝတယ်၊ အဆီတက်တယ်ဆိုပြီး ရှောင်သူတွေ များလာတာကိုတွေ့ရပါတယ်...။ ကာဗိုဟိုက်ဒရိတ်က မကောင်းတာတော့ မဟုတ်ပါဘူး...။ တခြားအာဟာရဓာတ်တွေထက်တောင် ကျန်းမာရေးအတွက် ပိုကောင်းချင်ကောင်းနေနိုင်ပါတယ်...။ အမှန်က ကျွန်ုပ်တို့ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းအသီးသီးဟာ သူ့အလုပ်၊ သူလုပ်ဖို့အတွက် စွမ်းအင်လိုပါတယ်...။ လိုအပ်တဲ့စွမ်းအင်ရဲ့ ၅၀ ရာခိုင်နှုန်းကို ကာဗိုဟိုက်ဒရိတ်က ပေးနိုင်ပါတယ်...။ ကာဗိုဟိုက်ဒရိတ်ဟာ အစားစာတော်တော်များများနဲ့ အဖျော်ယမကာတွေမှာ တွေ့ရလေ့ရှိတဲ့ အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်...။ ကာဗိုဟိုက်ဒရိတ်အများစုကို အစေ့အနှံလို အပင်ကရတဲ့အစားစာတွေမှာ တွေ့ရလေ့ရှိပါတယ်...။ အစားအသောက်တွေထုတ်တဲ့အခါ ကာဗိုဟိုကဒရိတ်ကို ကစီဓာတ်နဲ့ သကြားဓာတ်အဖြစ် ထည့်သွင်းထားလေ့ရှိပါတယ်...။

photo credit pngtree

ကာဗိုဟိုက်ဒရိတ်ဘယ်လောက်လိုအပ်လဲ - အစားအသောက် "Guidelines" တွေအရကတော့ ကျွန်ုပ်တို့လိုအပ်တဲ့ စွမ်းအင်တွေအတွက် ၄၅ ကနေ ၆၅ ရာခိုင်နှုန်းလောက် ပေးစွမ်းနိုင်တာဖြစ်ပါတယ်...။ ဒါကြောင့် တစ်နေ့ကို၂၀၀၀ ကယ်လိုရီစားရင် ၉၀၀ နဲ့ ၁၃၀၀ ကြားရပါတယ်...။ ဒါဟာ တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၂၂၅ ဂရမ်ကနေ ၃၂၅ ဂရမ်လောက်စားတာနဲ့ ညီပါတယ်...။ အစားသောက်တွေဝယ်တဲ့အခါမှာ ကစီဓာတ် အမျှင်ဓာတ် အယ်လ်ကိုဟောဓာတ်၊ သကြားဓာတ် စသဖြင့် ပါဝင်ပစ္စည်းတွေကို ဖော်ပြထားတတ်တာမို့ လေဘယ်လ်တွေ သေချာဖတ်ဖို့တော့လိုအပ်ပါတယ်...။ ဒါဆို ကိုယ်စားမယ့် အစားစာထဲမှာ ကာဗိုဟိုက်ဒရိတ်ဘယ်လောက်ပါတယ်ဆိုတာ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

photo credit pngtree

ကာဗိုဟိုက်ဒရိတ်က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ - မကောင်းတဲ့အချက်တွေရှိပေမယ့် ကာဗိုဟိုက်ဒရိတ်က ကျွနု်ပ်တို့ ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်လို့ ပြောရမှာဖြစ်ပါတယ်...။ စွမ်းအင်ထုတ်ပေးခြင်း - ကာဗိုဟိုက်ဒရိတ်ဟာ ခန္ဓာကိုယ်စွမ်းအင်ထုတ်ဖို့အတွက် အဓိကအရင်းမြစ်လို့ဆိုရမှာပါ...။ အစာခြေတဲ့အခါမှာ ကစီဓာတ်တွေဟာ သကြားအဖြစ်ပြောင်းသွားပြီး သွေးထဲကိုရောက်သွားပါတယ်...။ ဒီလိုသွေးထဲရောက်သွားတဲ့ သကြားဓာတ်တွေဟာ အင်ဆူလင်ဟော်မုန်းရဲ့အကူအညီနဲ့ ဆဲလ်တွေထဲ ရောက်သွားပြီး စွမ်းအင်အဖြစ်အသုံးပြုကာ ဇီဝရုပ်ဖြစ်စဉ်တွေ၊ လှုပ်ရှားမှုတွေကို ဆောင်ရွက်ပါတယ်...။ ပိုတဲ့ ကာဗိုဟိုကဒရိတ်တွေကို အသည်း၊ ကြွက်သားနဲ့ တခြားသောဆဲလ်တွေထဲမှာ သိုလှောင်ထားပါတယ်...။ တချို့ကိုလည်း အဆီအဖြစ်ပြောင်းလဲပြီး သိမ်းထားပါတယ်...။ ဒါကြောင့် လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ သိမ်းထားတဲ့ အဆီတွေကို ဖြိုပြီး စွမ်းအင်အဖြစ်ပြန်အသုံးပြုတာကြောင့် အဆီတွေ လျော့နည်းလာတာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူ ရေးသားထားတဲ့ "ကာဗိုဟိုဒရိတ်တွေကို ရှောင်ရမှာလား" ကျန်းမာရေးဆောင်းပါးမှ တစ်နေ့တာအတွက် ကာဗိုဟိုက်ဒရိတ်ဓာတ် ဘယ်လောက်လိုအပ်လဲ၊ ကာဗိုဟိုက်ဒရိတ်က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာနှင့် စွမ်းအင်ထုတ်ပေးခြင်း အကြောင်းတို့ကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်....။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။