ကောင်မလေးကို လုံခြုံရေးအစောင့်လို ရုပ်ဖျက်ပြီး လက်ထပ်ခွင့်တောင်းသူ

သူ့ရဲ့ကောင်မလေး သူငယ်ချင်းနဲ့ ကော်ဖီသောက်နေတုန်း အကသမားတွေနဲ့ Bruno Mars ရဲ့ Marry Me သီချင်းနဲ့ shopping mall မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ လုံခြုံရေးအစောင့် အကျင်္ီဝတ်ပြီး စျေးဝယ်သူ ၃၀၀ လောက်ရှိတဲ့နေရာမှာ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲံတာ ဖြစ်ပါတယ်။

video ကို facebook မှာတင်လိုက်တာမှာ သဘောကျသူအများအပြားရှိပြီး လူသုံးသောင်းကျော်လောက် ပြန် share ခဲ့ပါတယ်။ သူ့ကောင်မလေး ဆာရာက အခုထိအံံ့သြသင့်နေတုန်းဘဲလို့ ပြောကြားခဲ့ပါတယ်။ ၈နှစ်အရွယ်ကတည်းက ခင်တဲ့ ငယ်သူငယ်ချင်းတောင်ပါဝင်ပြီး စားပွဲထိုးကောင်မလေးကလည်း ရုတ်တရက် ထကပြီး ကိုယ့်ရည်းစားကို လုံခြုံရေးဝတ်စုံနဲ့ ဆံပင်အတုကြီးနဲ့ တွေ့လိုက်ရတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူးတဲ့။

ဒီအစီအစဉ်အတွက် သုံးလလောက်အချိန်ယူခဲ့ရပြီး အကဆရာတွေနဲ့ပါ သင်ယူခဲ့ရတာပါ။ YouTube မှာတွေ့ပြီး အကြံရခဲ့တာဖြစ်ပါတယ်။ ဆာရာက fibromyalgia ဆိုတဲ့ရောဂါကြောင့် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အလုပ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီရောဂါက ကြွက်သားတွေ အဆစ်တွေ အလွန်နာကျင်ပြိး မှတ်ညာဏ်ပါ ပျောက်သွားတတ်ပါတယ်။ Jay က Sarah ကို လုပ်ပေးနိုင်သမျှ အကုန်လုပ်ပေးပြီး ဘေးနားရှိပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်ကတည်းက တွဲခဲ့ကြတာဖြစ်ပြီး အခုအခါမှာလက်ထပ်ဖို့ ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။