ပရိသတ်ကြီးရေ....လူတစ်ယောက်ရဲ့ လက်က အလွန်အရေးပါတယ်ဆိုတာ သိကြမှာပါ....။ ဘယ်လက်နဲ့၊ ညာလက်နဲ့ဆိုရင်တောင် ညာလက်ကို အဓိကအားထားပြီး အသုံးပြုကြတဲ့သူများဆိုတာ ဧကန်မလွဲပင်ဖြစ်ပါတယ်...။ ထမင်းစားတာပဲဖြစ်ဖြစ်၊ စာရေးတာပဲဖြစ်ဖြစ် ညာလက်ကိုသာအားပြုပြီးသုံးကြတဲ့သူတွေက ဘယ်ဦးနှောက်နဲ့ကပိုပြီးအလုပ်လုပ်တယ်လို့ ဆိုရမှာပါ...။ ပညာရှင်တွေရဲ့ အဆိုအရ ဘယ်လက်က ညာဘက်ခြမ်းဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး ညာလက်ကိုတော့ ဘယ်ဘက်ခြမ်းဦးနှောက်က ထိန်းချုပ်တာမလို့ပဲဖြစ်ပါတယ်...။ လူအများရဲ့ ၁၁ရာခိုင်နှုန်းက ဘယ်သန်တွေဖြစ်တယ်လို့ သိရှိရပါတယ်...။


လူသားတိုင်းက ပျမ်းမျှ ၇မိနစ်လောက် အိပ်မောကျတတ်ပါတယ်...။ လူတော်တော်များများ သတိမထားမိတဲ့အရာလေးပါ...။ တစ်ချို့ဆို မနက် စောစောထဖို့ နှိုးစက်ပေးထားတာတောင် အိပ်မောကျနေလို့ မထဖြစ်တာမျိုးတွေရှိပါတယ်...။ ပရိသတ်ကြီးကော ဘယ်နမိနစ်လောက် အိမ်မောကျဖူးတယ်လို့ ထင်ပါသလဲ...။ နောက်ထပ်လေ့လာချက်များအရ လူသားတိုင်းရဲ့ ၈ရာခိုင်နှုန်းမှာ နံရိုးအပိုပါတယ်လို့ ပညာရှင်များရဲ့အဆိုအရသိရပါတယ်..။ ထူးဆန်းတဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ဆိုရပေမယ့် နံရိုးတစ်ချောင်းအပိုပါတော့ ကောင်းတယ်လို့ဆိုရမှာပေါ့နော်....။

ဒီတစ်ပါတ်တင်ဆက်ပေးထားတာက ခန္ဓာကိုယ်မှာရှိတဲ့၊ ဖြစ်လေ့ဖြစ်ထမရှိတဲ့ ထူးဆန်းတဲ့ အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်....။ ပုံလေးတွေနဲ့တကွ ရေးသားဖော်ပြထားတာမလို့ ဝင်ရောက်အားပေး ဖတ်ရှုရတာ အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်...။ ပရိသတ်ကြီးရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ အသေးဆုံးအရိုးကိုရှာချင်တယ်ဆိုရင်တော့ မြင်ရမှာမဟုတ်ဖူးနော်..။ ခြေသန်း၊ လက်သန်းက အရိုးတွေလည်းမဟုတ်တာမလို့ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး နားလေးကိုစမ်းကြည့်ရမှာပါ...။ နားမှာရှိတဲ့ အရိုးကို အသေးဆုံးအရိုးဖြစ်တာမလို့ပဲဖြစ်ပါတယ်...။

Source Did You Know

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။