ပရိသတ်ကြီးရေ......ဒီတစ်ပါတ်မှာတော့ "pushups (ဒိုက်ထိုးခြင်း) ကိုနေ့တိုင်းပြုလုပ်လျှင် ဘာတွေဖြစ်လာနိုင်မလဲ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးမှာပါ...။ ဒိုက်ထိုးခြင်းက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းနှင့် ဖွံ့ဖြိုးမှုအတွက် အချက်အချာကျတဲ့ အားကစားတစ်ခုလို့ လူငယ်တွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်...။ များပြားသောလူတွေက သူတို့ရဲ့ ပုံမှန်လုပ်ရိုး၊ လုပ်စဉ် လေ့ကျင့်ခန်းတွေထဲမှာ "ဒိုက်ထိုးခြင်းကို" ပေါင်းထည့်ပြုလုပ်လေ့ရှိပါတယ်...။ ထို့ကဲ့သို့ နေ့စဉ် ဒိုက်ထိုးခြင်းကြောင့် ရရှိတဲ့အကျိုးကျေဇူးတွေထဲမှာ ပါဝင်တာတွေကတော့ ကြွက်သားထုထည်နှင့် နှလုံးသွေးကြောဆိုင်ရာ ကောင်းမွန်သော လက္ခဏာများပင်ဖြစ်ပါတယ်...။

ဒိုက်ထိုးခြင်းက ခန္ဓာကိုယ်တောင့်တင်းခိုင်မာဖို့အတွက် လေ့ကျင့်ရတဲ့ အားကစားအမျိုးအစားပဲဖြစ်ပါတယ်.....။ ဒိုက်ထိုးခြင်းကို ပြုလုပ်လျှင် အဓိကအားထားရတဲ့ မာဆယ်ကြွက်သားတွေကတော့ လက်မောင်းနှင့် ပုခုံးတို့ဖြစ်ပြီး ခြေထောက်ရဲ့ ကြွက်သားကလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်...။ ဒါကြောင့်မလို့၊ ဒိုက်ထိုးခြင်းဖြင့် တစ်ကိုယ်လုံးရှိကြွက်သားတို့ကို အသုံးပြုရပြီး ခန္ဓာကိုယ်အတွက် များစွာ အကျိုးသက်ရောက်မှုတွေကို ရရှိစေတာပဲဖြစ်ပါတယ်...။

အရိုးအဆစ်တွေ ကြံ့ခိုင်မှုကို တိုးပွားစေတာမလို့ လူငယ်၊ လူရွယ်တွေသာမကပဲ လူကြီးတွေလည်း တတ်နိုင်သလောက်ပြုလုပ်သင့်ပါတယ်နော်...။ နှလုံးသွေးကြော လည်ပတ်မှုကိုလည်း အားကောင်းစေတာမလို့ လူငယ်၊ လူကြီးမရွေး ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေထဲမှာ "ဒိုက်ထိုးခြင်း"က တစ်ခုအပါအဝင်ဖြစ်ပါတယ်...။ တန်ဆေး၊ လွန်ဘေးဆိုတဲ့စကားအတိုင်း ဒိုက်ထိုးခြင်းကို နေ့စဉ် အလွန်အကျွံပြုလုပ်တာတို့၊ နည်းလမ်းမမှန်တာတို့ဆိုရင် လက်ကောက်ဝတ်နာကျင်တာတွေ၊ တံတောင်ဆစ်အနာဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်..။

Source Medical News Today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။