အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားမှု တစ်ချို့ပြုလုပ်ခဲ့ပါတယ်။

သူပြောခဲ့တာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ပဲ နိုင်မှာကို ယုံကြည်တယ်လို့ ပြောခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အမေရိကန်အစိုးရ ဒေါ်နယ်ထရမ့်ဟာ တရုတ်ကနေ နိုင်ငံထဲဝင်လာမယ့် ဒေါ်လာ ၅၅၀ ဘီလီယံ လောက်တန်တဲ့ တရုတ်ကုန်စည်တွေကို အခွန်ထပ်တိုးကောက်ခံသွားဖို့ ရှိနေပါတယ်။

တရုတ်အစိုးရအနေနဲ့လည်း ထရမ့်ရဲ့ ဒီဆုံဖြတ်ချက်ကို ဆန့်ကျင်ကြောင်းပြောဆိုခဲ့ပြီး မှားယွင်းတဲ့ လုပ်ရပ်တွေကို မရပ်တန့်ပါက ဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ပြန်လည်တုန့်ပြန်ထားကြောင်း သိရပါတယ်။

တရုတ်အစိုးရအနေနဲ့လည်း အမေရိကန်နဲ့ ဖြစ်ပေါ်နေတဲ့ လက်ရှိကုန်သွယ်ရေးစစ်ပွဲကို အစုံးစွန်ထိ တိုက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ထို့အတူပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒီကုန်သွယ်ရေးစစ်ပွဲကို အနိုင်ရရှိတဲ့အထိ ဆက်တိုက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Source - CNA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။