ဘဝကို အနိုင်မခံအရှုံးမပေးသော သူတို့(သို့) အက်ဆစ်ဖြင့်အပက်ခံရသော အမျိုးသမီးငယ်လေးများ

အာရှတိုက်တောင်ပိုင်းမှာ အမျိုးသမီးငယ်လေးတွေရဲ့မျက်နှာကို အက်ဆစ်ပက်တိုက်ခိုက်ခြင်းဖြင့် ဆိုးရွားပြင်းထန်လှတဲ့ ရက်ရက်စက်စက်တိုက်ခိုက်မှုတွေပြုလုုပ်လာတာတွေ့ရပါတယ်။ အများအားဖြင့် ချစ်ခွင့်ပန်တာငြင်းမိလို့ လက်ထပ်ခွင့်တောင်းတာ ငြင်းမိလို့ မိထွေး ပထွေး ခဲအို ခင်ပွန်း အစရှိသူတွေရဲ့ အကြမ်းဖက်မှုခံရလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကမ္ဘာပေါ်မှာ အက်စစ်နဲ့အတိုက်ခိုက်ခံရတဲ့ အမျိုးသမီးအရေအတွက်တွေ တိုးပွားလာပါတယ်။

လူမဆန်တဲ့လုပ်ရပ်တွေကိုခံခဲ့ရပေမဲ့ ဘဝအရှုံးမပေးဘဲ ခေါင်းမော့ရင်ကော့ပြီး ဘဝကိုဆက်လက်တိုက်ပွဲဝင်နေကြဆဲပါ။

အက်စစ်နဲ့အပက်ခံခဲ့ရတဲ့ ပန်းချီဆရာမ ဂီတာ ဟာ လက်ထပ်ခွင့်တောင်းတာကို ငြင်းဆန်ခဲ့မှုကြောင့် အက်ဆစ်နဲ့ပတ်ပြီးတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။

၄င်းက "ကျွန်မကို တိုက်ခိုက်ခဲ့တဲ့သူတွေကို သူတို့ရဲ့ကျန်နေတဲ့ဘဝတစ်သက်တာမှာ အရှက်တကွဲခံစားရအောင် ကျွန်မလုပ်ပြချင်တယ်။ ကျွန်မမျက်နှာကို ဖျက်ဆီးနိုင်ပေမယ့် ကျွန်မဘဝကို မဖျက်ဆီးနိုင်ဘူးဆိုတာ ကျွန်မ သက်သေပြချင်တာပါ" လို့ ဆိုပါတယ်။

Source: YouTube

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။