ဝိဉာဏ်တွေဆိုတာဟာ ကိုယ်တွေရဲ့အနီးအနားမှာ ရှိနေပေမယ့်လည်း သာမန်မျက်စိနဲ့ ကြည့်လို့ မမြင်နိုင်တဲ့အခါ သူတို့တွေရှိနေမှန်းကို မသိမေ့လျော့နေတတ်ကြပါတယ်။

သို့ပေမယ့် မကျွတ်မလွတ်သေးတဲ့ နာနာဘ၀ ဝိဉာဏ်တွေကို သာမန်မျက်စိနဲ့ မြင်နိုင်ဖို့ခဲယဉ်းလှတယ်ဆိုပေမယ့်လည်း ဖုန်းကင်မရာတို့ စီစီတီဗွီ ကင်မရာတို့မှာတော့ သူတို့တွေ့ရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို အမှတ်မထင်ဖမ်းယူရရှိနိုင်ပါတယ်။

ပရိသတ်တွေကို ယခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ ဗီဒီယိုလေးကတော့ အနီးအနားမှာ ရှိနေပေမယ့် သာမန် မျက်စီနဲ့ မြင်တွေ့ဖို့ ခဲယဉ်းလှတဲ့ ဝိဉာဏ်တွေ အမှတ်မထင်ပေါ်လာတဲ့ ဖြစ်ရပ်လေးတွေကို စုစည်းထားတဲ့ ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။

ဒီဗီဒီယိုလေးကိုတင်ပေးလာတာကတော့ Scary Videos လို့ခေါ်တဲ့ youtube channel တစ်ခုကပဲဖြစ်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာဆိုရင်လည်း မကျွတ်မလွတ်သေးတဲ့ နာနာဘာ၀ ဝိဉာဏ်တွေဟာ ညဘက်မှာသာမက နေ့ခင်းကြောင်တောင်ကြီးမှာတောင် လူတွေအနားမှာ ရှိနေကြတာကိုတွေ့ရပါတယ်။

ညအချိန်မှာ တယောက်ထဲ ကြည့်ရှုမယ်ဆိုရင်တော့ ဒီဗီဒီယိုလေးမှာ ကြည့်ရှုသူတွေကို ကြက်သီးမွေးညှင်းပါ ထစေနိုင်တဲ့ ဗီဒီယိုလေးတစ်ခုဖြစ်တာကြောင့် တယောက်ထဲမကြည့်ဖို့မှာရင်းနဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ရပါတယ်။

Source - Scary Videos

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။