အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ Bihar ပြည်နယ်၊ Patna အရပ်မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ အမည်မဖော်လိုသူမိခင်တစ်ဦးကနေပြီးတော့ ကလေးငယ်တစ်ယောက်မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ကလေးငယ်ဟာထူးဆန်းစွာနဲ့ သာမန်လူသားကလေးငယ်လိုမဟုတ်ဘဲ ရုပ်ဆိုးလှစွာနဲ့ ဂြိုဟ်သားရုပ်ပေါက်နေပါတယ်။

ဒီကလေးငယ်ရဲ့အကြောင်းဟာ ခဏလေးအတွင်းမှာ တစ်မြို့လုံးကိုပျံ့နှံ့သွားပြီး မြို့ထဲကကလေးကိုမြင်ချင်တဲ့လူအုပ်ကြီးဟာ ဆေးရုံကိုရောက်ရှိလို့လာပါတယ်။ ဆရာဝန်တွေဟာ ကလေးကိုဆေးရုံမှာ ကြာကြာထားခွင့်မပြုတဲ့အတွက် မိခင်နဲ့မိသားစုဝင်တွေဟာ ဘာကိုမှမတတ်နိုင်ဘဲ ကလေးကိုအိမ်ခေါ်လာရပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူကနေ ကလေးကိုနို့တိုက်ဖို့အတွက်ငြင်းဆန်ခဲ့ပြီး သူ့ကလေးမဟုတ်ကြောင်း အကြောက်အကန်ငြင်းဆိုခဲ့ပါတယ်။

တကယ်တော့ ဒီသနားစရာကောင်းတဲ့ကလေးငယ်ဟာ Harlequin ichthyosisလို့ခေါ်တဲ့ အရေပြားရောဂါကိုခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါနဲ့မွေးဖွားလာတဲ့ကလေးငယ်တွေရဲ့အရေပြားဟာ မကျောပြီး အချပ်လိုက်တွေဖြစ်နေတတ်ပါတယ်။ ဆရာဝန်တွေကတော့ ဒီဂြိုဟ်သားနဲ့တူတဲ့ကလေးငယ်လေးကို ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းခဲ့ကြသလို အမေဖြစ်သူ ကိုယ်တိုင်ကလည်း နို့တိုက်ဖို့ကိုတောင် ထိန့်လန့်စေနေခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီကလေးငယ်သေဆုံးသွားတာ ကြာမြင်ခဲ့ပြီဆိုပေမယ့် ထူးဆန်းတဲ့ပုံစံနဲ့ မွေးဖွားလာတဲ့ ကလေးငယ်လေးတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေ သိရှိနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Source - Express 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။