ပရိသတ်ကြီးကို ဒီတစ်ပါတင်ဆက်ပေးမှာကတော့ ကြို့ထိုးအောင် လှုံဆော်ပေးတဲ့အရာများနှင့် ပျောင်အောင်လုပ်တဲ့နည်းလေးပဲဖြစ်ပါတယ်...။ ကြို့ထိုးမှုကို နှိုးဆော်ပေးတဲ့ အရာတွေထဲကမှ အဓိကအချက်လေးတွေကို ပြောပြပေးသွားမှာပါ....။ ရင်ပြည့်ခြင်းကြောင့် ကြို့ထိုးစေတတ်ပါတယ်...။ အကြောင်းကတော့ အစာအိမ်စာ ရင်ခေါင်း အောက်မှာတည်ရှိပြီး ဗိုက်စာနေတဲ့အချိန် အစာတွေအများကြီး စားလိုက်မယ်ဆိုရင် အာရုံကြောတွေကနေတစ်ဆင့် ရင်ခေါင်းကြွက်သားကို လှုံဆော်ပေးလိုက်သလိုမျိးဖြစ်သွားပြီး နေရခက်အောင် ကြို့ထိုးတော့တာပဲဖြစ်ပါတယ်...။ အပူအစပ်များစားခြင်း၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးခြင်းစတဲ့ အချက်တွေကြောင့်လည်း ကြို့ထိုးမှုကိုဖြစ်ပွားစေပါတယ်...။

ရောဂါကြောင့်လည်း ကြို့ထိုးမှုကို ဖြစ်ပွားစေတတ်ပါတယ်....။ အာရုံကြောနှင့်ဆိုင်သော ရောဂါများ...၊ မေ့ဆေးပေးထားသောသူများနှင့် အချို့သောဆီးချိုသမားများတွင် တွေ့ရတတ်ပါတယ်...။ ကျောက်ကပ်အားနည်းသူတွေဆိုရင် "၄၈နာရီထက်ကြာအောင်" ကြို့ထိုးတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်...။ ပရိသတ်ကြီးရေ ကြို့ထိုးတာက သိပ်စိတ်ပူစရာမလိုပါဖူး...။ အချိန်တော်တော်ကြာသွားပြီဆိုရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်...။  

ကြို့ထိုးတာ အချိန်အရမ်းကြာလို့ နေရထိုင်ရခက်လာပြီဆိုရင် လွယ်ကူရိုးရှင်းစွာနဲ့ ပျောက်အောင်လုပ်တဲ့နည်းလေးတွေ ပြောပြပေးပါ့မယ်...။ အသက်ရှူတာကို ခဏလောက် အောင့်ထားလိုက်ပါ....၊ ဒါမှမဟုတ် ရေအနည်းငယ်လောက်သောက်ကြည့်လိုက်ပါ....၊ ဒါဆိုရင် သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏတွေ တက်လာပြီး သက်သာသွားပါလိမ့်မယ်...။ အိတ်တစ်အိတ်ထဲကို ပါးစပ်နဲ့ နှာခေါင်းထည့်ပြီး အသက်ရှူသွင်းရှူထုတ်လုပ်ကြည့်ပါ...။ အဆိုပါနည်းလမ်းလေးတွေက ဦးနှောက်နဲ့ အစာအိမ် အူလမ်းကြောင်းကို ဆက်သွယ်ပေးထားတဲ့ အာရုံကြောကို လှုံဆော်ပေးပြီး ကြို့ထိုးခြင်းကို သက်သာစေမှာပဲဖြစ်ပါတယ်....။

Source ဝီကီပီးဒီးယား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။