အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူပြောကြားခဲ့တာကတော့ အမေရိကန်အနေနဲ့ ဂျပန်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကို အကြမ်းဖျင်း သဘောတူညီမှုရရှိခဲ့ပြီလို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

၎င်းကုန်သွယ်ရေး သဘောတူညီချက်ဟာဆိုရင်တော့ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ကျော်တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ဈေးကွက်ဖွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လယ်ယာစိုက်ပျိုးရေး ၊ စက်မှု အခွန်စည်းကြပ်တာတွေ နဲ့ ဒီဂျစ်တယ် ကုန်သွယ်ရေးတွေနဲ့ ပတ်သတ်တဲ့ သဘောတူညီချက်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီသဘောတူညီချက်ကိုတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့ဟာ နယူးယောက်မြို့မှာ လာမယ့်စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

SOURCE - REUTERS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။