သရဲ တို့ မှင်စာတို့ဆိုတိုဟာ ဒီလောကကြီးမှာ တကယ်ရှိကြောင်း ယုံကြည်သူတွေရှိသလို မယုံကြည်သူတွေလည်း ရှိကြပေမယ့် သူတို့လို့ မကျွတ်မလွတ်သေးတဲ့ နာနာဘာ၀ ဝိဉာဏ်တွေဟာ အမှန်တကယ်ကိုရှိနေတာပဲဖြစ်ပါတယ်။

သူတို့ိကိုတော့ သာမန် မျက်စိနဲ့မမြင်နိုင်ပေမယ့် သူတို့ိကိုယ်တိုင် လိုလိုလားလားနဲ့ ကိုယ်ထင်ပြကြတဲ့အခါမှာတော့ မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

ကိုယ်ထင်ပြတဲ့အခါမှာတော့ အမျှအတမ်းလိုချင်လို့ ကိုယ်ထင်ပြတာမျိုးရှိသလို လူသားတွေကို ခြောက်လှန့်ဖို့အတွက် ကိုယ်ထင်ပြကြတာမျိုးလည်းရှိပါတယ်။

ပရိသတ်တွေကို ဒီတစ်ခေါက်ဖော်ပြပေးချင်တဲ့ ဗီဒီယိုလေးဟာဆိုရင်လည်း ကားလမ်းကပေါ်မှာ ကိုယ်ထင်ပြပြီး ကိုယ့်ဗိုက်ကိုယ် ဓါးနဲ့ထိုးနေတဲ့ သရဲတစ်ကောင်ရဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကိုကြုံတွေ့ခဲ့ရတာကတော့ အမျိုးသားတစ်ဦးဖြစ်ပြီး သူဟာ လမ်းမတစ်ခုပေါ်မှာ ကားမောင်လာစဉ် လမ်းမပေါ်မှာ ကိုယ့်ဗိုက်ကိုယ်ထားနဲ့ ထိုးပြီး ပြီး ရပ်နေတဲ့ သရဲမတစ်ကောင်ကို တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီဗီဒီယိုလေးကိုတော့ ကားရဲ့ black box ကနေ မှတ်တမ်းတင်ထားနိုင်ခဲ့တာဖြစ်ပြီး သရဲမကြီးဟာ သူ့ကိုမြင်တဲ့အခါမှာ စူးရှတဲ့အကြည့်ကြီးနဲ့ကြည့်ကာ တဖြေးဖြေး ကားရှိရာဘက်ကို လမ်းလျှောက်လာခဲ့တာတွေ့ပါတယ်။

ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသားဟာဆိုရင်လည်း အော်ဟစ်ကြောက်လန့်နေပြီး သရဲမကြီးလက်က ဘယ်လိုလွတ်အောင် ပြေးခဲ့သလဲဆိုတာ အောက်က ဗီဒီယိုလေးထဲမှာ ကြည့်ရှုပေးကြပါဦးနော် ပရိသတ်ကြီး။

Source – Dash Cam Owners World 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။