ပြည်တွင်း ဖြစ်ပွားနေတဲ့ သဘာဝဘေးအန္တရယ်တွေနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ မိုးရွာသွန်းမှု လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ အဆိုးဆုံးတစ်ခုဖြစ်တဲ့ငလျင်လှုပ်ခတ်မှုတွေအတွက် အထိပ်တလန့်ဖြစ်နေရတာပဲဖြစ်ပါတယ်။ အဆိုပါ သဘာဝဘေးအန္တရယ်တွေအတွက် ကြိုတင်သတိပေးမှုတွေနဲ့အတူ ကာကွယ်ရေးနည်းလမ်းတွေကို အသိပညာပေးလုပ်ဆောင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်(၅)ရပ်ကွက်၊ အခြေခံ ပညာမူလတန်း ကျောင်းတွင် ငလျင်ဘေး အန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပွားလာပါက ကြိုတင်ကာကွယ် နိုင်ရေးနှင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး တို့အတွက် အသိပညာပေးဟော ပြောခြင်းနှင့် ငလျင် ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ဩဂုတ်လ (၂၂) ရက်နေ့ နံနက်ပိုင်း အချိန်က အဆိုပါကျောင်းတွင် လေ့ကျင့်ဆောင်ရွက် ခဲ့ကြပါတယ်။ 

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား သဘာဝဘေး အန္တရာယ် များ ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဒုတိယ မီးသတ်ဦးစီးမှူး ဒေါ်သီင်္ဂီထွေးက ငလျင်ဘေးအန္တရာယ် ရုတ်တရက် ဖြစ်ပွားလာပါက လုပ်ဆောင်ရမည့် နည်းလမ်းအဆင့်ဆင့်တို့ကို အသိပညာပေးဟောပြောခဲ့ပါတယ်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်၊ ဒုတိယဦးစီးမှူးဦးမျိုးနိုင်ဦး၊ လက်ထောက် မီးသတ် ဦးစီးမှူး ဦးအုန်းဝင်း နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် များက လက်တွေ့အဖြစ် ကျောင်းသား၊ ကျောင်းသူ ကလေး ငယ်များနှင့် အတူ ထိခိုက်ဒဏ်ရာရသူများအား အရေးပေါ်ရှေးဦးသူနာပြုစုကုသနည်း၊ ပိတ်မိနေသူများအား အတားအဆီးများမှ ဖယ်ရှားရှင်းလင်း ကယ်ဆယ် နည်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်ချိတ်ဆက် ဆောင်ရွက်နည်း တို့ကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြပါတယ်။ 

သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန်အတွက် စာသင်ကျောင်း အခြေပြုအသိပညာပေးဟောပြောခြင်းနှင့် ငလျင် ဘေးအန္တရာယ် သဏ္ဌာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်မှပြောကြားခဲ့ပါတယ်။ ကျောင်းတွင်း ငလျင်ဘေးအန္တရယ် ဇာတ်တိုက်လေ့ကျင့်မှုပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။