လက်တလော ပြည်တွင်းရေကြီးမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း သိရှိကြမယ်ထင်ပါတယ်။ ရေကြီးမှုတွေကြောင့် သေဆုံးမှုတွေနဲ့အတူ နေအိမ်စွန့်ခွာကာ ရေဘေးရှောင်အဖြစ်ခိုလှုံနေရသူတွေများစွာရှိခဲ့ပြီး အစားအသောက်နဲ့ ဆေးဝါးအပြင် အခြားလိုအပ်မှုတွေကတော့ များစွာရှိနေကြောင်း သိရပါတယ်။ အဆိုပါ ရေကြီးမှုဒေသတွေကို ပြည်တွင်းအနုပညာရှင်များစွာနဲ့အတူ ပရဟိတအဖွဲ့များစွာကပါ ပါဝင်လှူဒါန်းမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ ၎င်းလှူဒါန်းမှုတွေထဲမှာ ဦးကျော်သူဖွဲ့စည်းထားတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။  

မကြာခဏဆိုသလို ပရဟိတအဖွဲ့အစည်းများကရေဘေးကယ်ဆယ်ရေးတွေသွားရောက်လုပ်ဆောင်လာကြပြီး အဆိုပါ ရန်ကုန်နာရေးကူညီမှုအသင်းကလည်း မွန်ပြည်နယ်ရေဘေးသင့်ဒေသတွေအတွက် ဆက်တိုက်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့ မနေ့ကလည်း မွန်ပြည်နယ်ရေးမြို့ရှိ အောင်သုခရပ်ကွက်သို့ သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။  

အဆိုပါ လှူဒါန်းမှုနဲ့ပတ်သက်ပြီး "အများပြည်သူအတွက် အများပြည်သူကောင်းမှု အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတ အသင်းသားများနှင့် ဝန်ထမ်းများမှ ရေးဘေးဒဏ်သင့်ရာ နေရာများသို့ အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း" ရေးသားထားတာတွေ့ရပါတယ်။ ရေဘေးကယ်ဆယ်မှုနဲ့ကူညီထောက်ပံ့မှုတွေထဲက ကြည်နူးစရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

PHOTOS - နာရေးကူညီမှုအသင်း ရန်ကုန်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။