ပြည်တွင်း ကူးသန်းသွားလာရေးတွေထဲမှာ ကုန်းလမ်းခရီးနှင့်အတူ အသုံးပြုမှုများတာကတော့ ရေကြောင်း ခရီးပဲဖြစ်ပါတယ်။ရေကြောင်း ခရီးနဲ့ပတ်သက်ပြီး ယာဉ်တိမ်းမှောက်မှုတွေကတော့ မကြာခဏဖြစ်ပွားလေ့ရှိပြီး သေဆုံးသူတွေလည်း များစွာရှိခဲ့တာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရေပြင်အသက် ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက် တာကြီးတန်းနန်းဉီးဆိပ်တွင် မြို့နယ်မီး သတ်ဉီးစီးအရာရှိ ဉီးကိုကိုနိုင် ဉီးဆောင်မှုဖြင့် ရှာဖွေ ကယ်ဆယ်ရေးတပ်စု အဆင့်စုဖွဲ့ထားသော ရှာဖွေကယ်ဆယ် ရေး အဖွဲ့ဝင်များဖြစ်သည့် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်(၁၅)ဉီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၂၀) ဉီး နှင့်အတူ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်(၁၅)ဉီးတို့က ဧရာဝတီမြစ်အတွင်း အသက်ကယ်လှေဖြင့် ရေပြင်ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ 

ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရခြင်းမှာ သဘာဝဘေးအန္တရာယ်ဖြစ် ပွားလာပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့ အစည်းနှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရေး၊ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံး မှုလျော့ နည်းစေရေးအတွက် ရည်ရွယ်ပြီး ယခုလိုဆောင်ရွက်တာ ဖြစ်ကြောင်း သိရပါတယ်။ ဒါအပြင် ယခုလိုဇာတ်တိုက်လေ့ကျင့်မှုပြု လုပ်ရာတွင် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ ဖြစ်သည့်ဖိုက်ဘာလှေ၊ အသက်ကယ် အင်္ကျီ၊ အသက်ကယ်ဘောကွင်း၊ အသက်ကယ်ကြိုးခွေ အသုံးပြုပုံများကို မြို့နယ် မီးသတ် ဉီးစီးအရာရှိက ရှင်းလင်းပြောပြပြီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆက်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ 

အဆိုပါဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရာသို့မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ကျော်လွင် နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် ဉီးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် ပြည်သူများ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရပါတယ်။ ပြည်တွင်းသင်ယူတက်မြောက်သင့်တဲ့ အရာတွေထဲကတစ်ခုဖြစ်တဲ့ ရေအတွင်းကူညီကယ်ဆယ်မှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

SOURCE - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။