အဆက်မပျက်ရေကြီးမှုတွေကတော့ယနေ့အထိ ဆက်လက်ရှိနေဆဲပဲဖြစ်ပါတယ်။ ပြည်နယ်များစွာမှာ ရေကြီးနစ်မြုပ်လျှက်ရှိပြီး ရေဘေးရှောင်ပြည်သူတွေနဲ့အတူ အသက်စွန့်ခဲ့ရသူတွေလည်းများစွာရှိနေပါတယ်။ အဆိုပါရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်မှုတွေအဆက်မပျက်ပြုလုပ်လျှက်ရှိပြီး ပရဟိတအဖွဲ့များစွာက သွားရောက်ကူညီပေးလျှက်ရှိကြောင်း သိရပါတယ်။  

အဆိုပါ သွားရောက်လှူဒါန်းသူတွေထဲမှာ ပရိသတ်အချစ်တော် အနုပညာရှင်တွေလည်း ပါဝင်သလို ပရဟိတလူငယ်များစွာလည်း ပါဝင်ကြောင်း သိရပါတယ်။ ကျိုက်မရောမြို့နယ်အတွင်းမိုးသည်းထန်စွာရွာသွန်းမှု မြစ်ရေများမြင့်တက်လာမှုကြောင့် ရေကြီးနစ်မြှပ်မှု အများဆုံးခံခဲ့ရသည့်ဦးလေး ကျေးရွာရှိရေဘေးသင့်ပြည်သူများစားသောက်ကုန်များ မပြတ်လပ်စေရေးအတွက် စေတနာရှင်အလှူရှင်များက ကျေးရွာအရောက်ဆန်နှင့် ထောက်ပံ့ရေးပစ္စည်းမျိုးစုံကို သွားရောက်လှူဒါန်း လျက်ရှိကြရာ ဒီကနေ့နံနက်၈နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အမှတ်၄၃ရပ်ကွက် လူမှုရေးအသင်းနှင့် ရပ်ကွက်နေပြည်သူများမှစုပေါင်းလှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းမျိုးစုံ တန်ဖိုး ငွေကျပ်သိန်း၅၀ ကျော်ကို ဦးလေးကျေးရွာရေဘေးသင့်အိမ်ထောင်စုများသို့ အလှူရှင်များကိုယ်တိုင် ကားတစ်တန် လှေတစ်တန် ဖြင့်လက်ဝယ်အရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရပါတယ်။ 

မနေ့ညကမိုးသည်း ထန်စွာရွာထားသဖြင့် ဦးလေးကျေးရွာသွားရာလမ်းမှာ ကားတွေဗွက်နစ်၍ အခက် အခဲများဖြစ်ခဲ့သော် လည်းကျေးရွာပြည်သူများရဲ့အခက်ခဲကိုကူညီခဲ့ရသဖြင့် ဝမ်းသာပီတိဖြစ်ခဲ့ ရပါကြောင်း အလှူရှင်များကိုယ်စားလူမှုရေးအသင်းခေါင်းဆောင်ဦးနေမျိုးဝင်းထံမှသိရပါတယ်။ လက်တလော လိုအပ်မှုတွေရှိနေသေးတဲ့ ရေကြီးမှုဒေသတွေအတွက် ကူညီလျှက်၇ှိတဲ့ ပရဟိတအဖွဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source - The Mirror Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။